အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၂၅ မတ် ၂၀၂၃

၂၀:၄၈:၃၉
1354185

အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

နာဒီယာ ခက်ဖ်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ အမေရိကန်ရဲ့ ပထမဆုံး တရားသူကြီး ဖြစ်လာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နာဒီယာ ခက်ဖ်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ အမေရိကန်ရဲ့ ပထမဆုံး တရားသူကြီး ဖြစ်လာပါတယ်။

ဒါဟာ အမေရိကန်တရားရေးသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာပါ။

ဆီးရီးယားနွယ်ဖွားဖြစ်တဲ့ နာဒီယာဟာ မိသားစုနဲ့ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ပြီး ကြာသာပတေးနေ့မှာ နယူးဂျာစီပြည်နယ် အထက်ခုံရုံးရဲ့ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးက သူမကို လွန်ခဲ့တဲ့တစ်နှစ်ကတည်းက တရားသူကြီးအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

နယူးဂျာစီပြည်နယ်မှာ အခြား မွတ်စလင်အမျိုးသမီး တရားသူကြီးတွေ ရှိပေမယ့် နာဒီယာက ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ ပထမဆုံးတရားသူကြီး ဖြစ်ပါတယ်။

နာဒီယာဟာ အမေရိကန်ရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ CAIR ရဲ့ နယူးဂျာစီအဖွဲ့ခွဲ ဘုတ်အဖွဲ့၀င် ဖြစ်ပါတယ်။

အိမ်တွင်း အကြမ်းဖက်မှု၊ အမျိုးသမီးတွေခံစားနေရတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ အကျိုးအမြတ်မယူတဲ့ Wafa House အဖွဲ့ရဲ့ ဥပဒေရေးရာ အကြံပေးအဖြစ်လည်း နာဒီယာက တာ၀န်ယူထားပါတယ်။

****************************************************************
END / 251