၉ ဧပြီ ၂၀၂၃ - ၁၈:၁၇
News ID: 1357154

အမေရိကန်နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ထပ်တိုးအားဖြည့်ဖို့ မျှော်လင့်ထားတယ်၊ ထိုင်ဝမ်ပြည်သူတွေဟာ ဒီမိုကရေစီကို ချစ်မြတ်နိုးပြီး ငြိမ်းချမ်းဖို့ ကြိုးစားနေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဧပြီ ၈ ရက်မှာ ပြောလိုက်ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ထပ်တိုးအားဖြည့်ဖို့ မျှော်လင့်ထားတယ်၊ ထိုင်ဝမ်ပြည်သူတွေဟာ ဒီမိုကရေစီကို ချစ်မြတ်နိုးပြီး ငြိမ်းချမ်းဖို့ ကြိုးစားနေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဧပြီ ၈ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ မိုက်ကယ် မက်ကော ဦးဆောင်တဲ့ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကြို လာရောက်လည်ပတ်ချိန်မှာ ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။
ထိုင်ဝမ်ကို လက်နက်တွေ အမြန်ပို့မယ်လို့ လွှတ်တော်အတ် မက်ကောကလည်း ပြောပါတယ်။ ဧပြီ ၈ ရက်အစောပိုင်းက တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ အပစ်အခတ် စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာပါ။
ထိုင်ဝမ်ကျွန်းရဲ့ မြောက်ဘက် တောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ စစ်ရေးလေ့ကျင့်ဖို့ စီစဉ် ထားပါ တယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ အမေရိကန်ခရီးတထောက်သွားရောက်စဉ် ကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကီဗင်မက်ကာသီနဲ့ တွေ့ဆုံခဲ့လို့ တရုတ်ပြည်မကြီးအစိုးရက ဒေါသထွက်ခဲ့ပါတယ်။
****************************************************************
END / 251