အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၉ ဧပြီ ၂၀၂၃

၁၇:၂၇:၂၈
1361399

ဂျန္နသ်သိုဗကီးအ် ရှိ အေမာမ်များ (အ.စ) ၏ ကဗဲရ်တော် များကို ဖြိုဖျက် ခြင်းသည် မွတ်စလင်မ် များ ၏ နှလုံးသားကို ထိခိုက် ဒဏ်ရာရစေခဲ့ပါတယ် / အာယာသွလ္လာဟ် ရမ်တွာန်နီ

မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေမှူး အာယာသွလ္လာဟ် ရမ်တွာန်နီ မှ မိန့်ကြားသည်မှာ - ဝဟာဘီများ သည် ကောင်းကင်တမန်များခံစားဝင်သည့် ဗိမာန် နှင့် ဗကီးအ်ရှိ အေမာမ် များ (အ.စ) ဂူဗိမာန်တော် များ ကို ရှောင်ဝါလ် လ၈ ရက်နေ့ ဖြိုဖျက်စီးခဲ့သည့်အတွက် ထိုနေသည့် ခါးသီးနေ့ဖြစ်ပါတယ်။ ဗကီးအ် ကို ဖြိုဖျက်ပြီးနောက် ဝဟာဘီအေးဂျင့် များ မှ ကရ်ဘလာ သို့ သွား၍ အလားတူ တစ်ခုခုကို လုပ်လိုသော်လည်း ရှီအဟ်များ ၏ ခုခံ မှုကို ရင်ဆိုင် ခဲ့ရပြီး ပန်းတိုင်ကို မအောင်မြင်ခဲ့ကြချေ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေမှူး အာယာသွလ္လာဟ်  ရေဇာ ရမ်တွာန်နီ ဧပြီလ ၂၉ ရက်နေ့  စနေနေ့  တွင် ကွမ်းမြို့ ရှိ မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ရုံး ၏ နမာဇ်ဝ်ပြုသည့်ခမ်းမ တွင် မွန်းတည်းအချိန်  တွင် မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ တာဝန်ရှိသူများ နှင့် ဝမ်းထမ်းများ အကြား မိန့်ကြား ခဲ့သည်မှာ - ပညာရပ်ဆိုင်ရာဖြစ်စေ နာမ်ပိုင်း အရ ဖြစ်စေ ၏ အဲဟ်လေ့ဘိုက်(အ.စ) နွယ်ဝင် အေမာမ် များ (အ.စ) ဘက်သို့ လှည့်ရကြောင်း မဇ်ဟဗ်များ အားလုံး မှလက်ခံထားကြောင်း ဆွန်နီ ပညာရှင်များ အားလုံးသည် အေမာမ် ၁၂ပါး (အ.စ) ပညာနှင့် နာမ်ပိုင်းတွင် ကြီးကျယ်မှု အမြဲအလေးအေး ဖော်ပြကြပြီး  နိုင်ငံရေးခေလာဖက် နှင့်ပတ်သက်၍ အေမာမ် ၁၂ပါး (အ.စ)  ဘက်သို့ လှည့်ရန် ကိစ္စ သာ အကွဲအလွဲ ရှိ ကြကြောင်း ဖြစ်ပါတယ်။

အာယာသွလ္လာဟ်  ရေဇာ ရမ်တွာန်နီ မှ ဆက်လက်ပြီး ဝဟာဘီများ ၏ ဂျန္နသ်သိုဗကီးအ် အား ဖြိုဖျက်ခြင်း အတွက် ရှူတ်ချပြီး   “ အစွန်းရောက်အမြင် ဟာ အာဏာ စွမ်းအား ကြောင့် အောင်မြင် ရကြောင်း အာလေ့ စအူဒ် အနေဖြင့် အာရေဗျ ကျွန်းဆွယ် တွင် အာဏာ ရ လာပြီးနောက် ဤကဲ့သို့ အဖြစ်များ ဖြစ်လာ ရကြောင်း “ မိန့်ကြားခဲ့ပါတယ်။

မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေမှူး မှ ဆက်လက်ပြီး  “ အစ်ဗ်နေ သိုင်မီယေ ကဲ့သို့သူများ သသည် သဝစူလ် ၊ ကဗရ်တော်များ ဖြိုဖျက်ခြင်း ကိစ္စတွင် အစွန်းရောက် အမြင်များ ရှိသူ ဖြစ်ကြောင်း သို့သော် ဆွန်နီ များ ၏  စာအုပ်များ တွင် သဝစူလ် နှင့်ပတ်သက်ပြီး အရေးကြီး ကြောင်း အများအပြား  ရေးသားထားကြပါတယ်။ ဆွန်နီအိုလမာ အနေဖြင့် အောင်လီယဟ်အေလာဟီ နှင့် နာမ်ပိုင်းအရ အရေးပါအရောရောက်သည့် ပုဂ္ဂိုလ်များ နှင့် သဝစူလ်  ပြု ကြကြောင်း “ မိန့်ကြား ခဲ့ပါတယ်။

အာယာသွလ္လာဟ်  ရေဇာ ရမ်တွာန်နီ မှ ဆက်လက်ပြီး  “ ဗကီးအ် ဂူဗိမာန် များကု ဖြိုဖျက်ဆီး ခြင်းသည် ရှီအဟ်မွတ်စလင်မ်များ သာမက မွတ်စလင်မ်များ အားလုံး ၏ နှလုံးသားကို ပါ ထိခိုက် နာကျင်စေ ကြောင်း မိန့် ကြားခဲ့ပါတယ်။ ဝဟာဘီများ သည် ကောင်းကင် တမန်များ ခံစားဝင် သည့် ဗိမာန် နှင့် ဗကီးအ်ရှိ အေမာမ် များ (အ.စ) ဂူဗိမာန်တော် များ ကို  ရှောင်ဝါလ် လ၈ ရက်နေ့ ဖြိုဖျက်စီး ခဲ့သည့်အတွက် ထိုနေသည့် ခါးသီးနေ့ဖြစ်ပါတယ်။

ဗကီးအ် ကို ဖြိုဖျက်ပြီးနောက် ဝဟာဘီအေးဂျင့် များ မှ ကရ်ဘလာ သို့ သွား၍ အလားတူ တစ်ခုခုကို လုပ်လိုသော်လည်း ရှီအဟ်များ ၏ ခုခံ မှုကို ရင်ဆိုင် ခဲ့ရပြီး ပန်းတိုင်ကို မအောင်မြင်ခဲ့ကြချေ။

အခြားအေမာမ်များ (အ.စ) လက်ထက်တွင်လည်း ဤကဲ့သို့ ကံဆိုးသည့် ဖြစ်ရပ်များ နှင့် ကြုံ ခဲ့ရပါတယ်။ ပမာအား ဖြင့်  မိုသဝကေလ် မှ အေမာမ်ဟိုစိုင်းန် (အ.စ) ကဗဲရ်ဂူဗိမာန်တော် ကို ဖြိုဖျက် လိုခဲ့သော်လည်း ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော် “ يُرِيدُونَ لِيُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَاللَّهُ مُتِمُّ نُورِهِ وَلَوْ كَرِهَ الْكَافِرُونَ    “၎င်းတို့သည် အလ္လာဟ် ဟို အရှင်မြတ် နူးရ် (ရောင်ခြည်) အား မိမိတို့ ပါးစပ် ဖြင့် ငြိမ်းသတ်လို ကြပေသည်။ အမှန်တကာ အလ္လာဟ် ဟို အရှင်မြတ် သည် မိမိ ၏ နူးရ် (ရောင်ခြည်) ပြည့်စုံ အောင် ပြုတော်မည်။ “ အတိုင်း ပြုခဲ့ပါတယ်။

အာယာသွလ္လာဟ် ရမ်တွာန် မှ ဆက်လက်ပြီး ဂျန္နသ်သိုလ် ဗကီးအ် အား ပြန်လည် တည်ဆောက်ရန် လိုအပ် ကြောင်း နှင့်ပတ်သက်ပြီး “ အိန္ဒိယ တိုက်ငယ် တွင် ဗကီးအ်  ပြန်လည် တည်ဆောက်နိုင်ရန် စုပေါင်း၍ လက်မှတ်ရေးထိုးပြီးတောင်းဆို ခဲ့ကြကြောင်း ဤတောင်းဆို မှုသည် ယုတ္တိ ရှိသည့် တောင်းဆို ချက်ဖြစ်ပြီး အာလေ့ စအူးဒ် အစိုးရ အနေဖြင့် မလွဲမသွေ လက်ခံ သင့် ကြောင်း မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှလည်း အကြောင်းခံ များ ဖန်တီး ပေးနိုင်ကြောင်း ကျွန်ုပ်တို့ ၏ တာဝန်မှာ အေမာမ် ၁၂ပါး (အ.စ) လူသားမျိုးနွယ်အား မိတ်ဆက်ပေးရန် တာဝန် ဝတ္တရာ ရှိ ကြောင်း “ မိန့်ကြားခဲ့ပါတယ်။

မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေမှူး မှ ဆက်လက်ပြီး  “ မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကွမ်းဖြစ်စေ တီဟီရန် ဖြစ်စေ ၏ နမာဇ် ဝတ်ပြုဆောင် တော် တွင် ဘာသာရေး နှင့်ပတ်သက်သည့် အစဥအစီများ ကို ကျင်းပပြုလုပ်ပြီး မလွဲမသွေ  မအ်စူမီးန် (အ.စ) ရိုသေလေးစား ရမည် ဖြစ်ကြောင်း နမာဇ်အား ဂျမာအသ် ဖြင့် စုပေါင်း ဝတ်ပြုခြင်းဖြစ် ကြီးကျယ်ခမ်းနားအောင်ပြုရန် လိုအပ်ကြောင်း မဂျ်မအ် ၏ အင်အားစုများ ဝန်ထမ်းများ အကြား စာနာမှုနှင့် စည်းလုံးညီညွတ်မှုကို တိုးမြှင့်ကာ စာနာမှုနှင့် စည်းလုံးညီညွတ်မှု တိုးလာခြင်းသည် စုပေါင်း ကျက်သရေ မင်္ဂလာ ဖြစ်ကြောင်း “ မိန့်ကြားခဲ့ပါတယ်။

အဆုံးတွင် အာယာသွလ္လာဟ် ရမ်တွာန် မှ “ H.I ဆယက်ဒ် အာလေ့ အိုင်ယူဘ်  ၏ ကြိုးပမ်း အားထုတ်မှုများ ကို ကျေးဇူးတင် လေးစား ကြောင်း ၎င်း အား မဂျ်မအ် ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) ကွမ်း နမာဇ် ဝတ်ပြုဆောင် အတွက်  အေမာမ် ဂျမာအသ် ရာသက်ဗ် အဖြစ်ခန့် ကြောင်း” မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251