အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၆ ဧပြီ ၂၀၂၄

၂၀:၂၃:၂၄
1449562

နိုင်ဂျီးရီးယားနိုင်ငံ ၏ ကာဒိုနာ မြို့ တွင် အပြည်ပြည်ဆိုင်ရာ ကွဝ်ဒ်စ်နေ့ ချီတက် ပွဲအား တိုက်ခိုက်မှု ဖြစ်ပွား ၄ ဦး ရှဟီးဒ် ဖြစ်

နိုင်ဂျီးရီးယားနိုင်ငံ ၏ ကာဒိုနာ မြို့ တွင် အပြည်ပြည်ဆိုင်ရာ ကွဝ်ဒ်စ်နေ့ ချီတက် ပွဲအား နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ မှ တိုက်ခိုက် ခဲ့ပါတယ်။ ထို တိုက်ခိုက်မှု ကြောင့် ၄ ဦး ရှဟီးဒ် ဖြစ် ခဲ့ကြောင်း ဝမ်းနည်း စွာ သိရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ကာဒိုနာ မြို့မှာ ငြိမ်းချမ်းစွာပြုလုပ်သည့် ကမ္ဘာ့ ကွတ်ဒ်စ်နေ့ (ခ) အပြည်ပြည်ဆိုင်ရာ ကွတ်ဒ်စ်နေ့ ၏ ချီတက်ပွဲအား  နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ဤပစ်ခတ်မှုကြောင့် ချီတက်သူလေးဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။

ကာဒိုနာ မြို့ရှိ ချီတက်သူများသည် နိုင်ဂျီးရီးယားရဲတပ်ဖွဲ့၏ ကျည်ဆန်များဖြင့် ပစ်မှတ်ထားခံရချိန်သည်  ကမ္ဘာ့ ကွတ်ဒ်စ်  နေ့ ချီတက်ပွဲအား  ငြိမ်းချမ်းစွာ စနစ်တကျ ချီတက်ဆန္ဒပြခဲ့ကြနေသည့် အချိန် ဖြစ်ကြောင်း သိရှိရပါတယ်။

ယခုနှစ် ကမ္ဘာ့ ကွတ်ဒ်စ် နေ့ ချီတက်ပွဲကို နိုင်ဂျီးရီးယားနိုင်ငံ ၏ မြို့တော် အာဘူဂျာမြို့တော် အပါအဝင် နိုင်ငံ တစ်ဝှမ်းရှိ မြို့ကြီး ၂၀ ကျော်တွင် နိုင်ငံငြိမ်းချမ်းစွာကျင်းပခဲ့ကြပါတယ်။ နိုင်ဂျီးရီးယားရဲတပ်ဖွဲ မှ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ကာဒိုနာ မြို့ တွင်ကျင်းပသည့် အပြညာ်ပြည်ဆိုင်ရာ ကွတ်ဒ်စ် နေ့ ချီတက်ပွဲကို တိုက်ခိုက်ခဲ့ကြောင်း အခြား မြို့ များတွင် အေးဆေးစွာ ကျင်းပ နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

နိုင်ဂျီးရီးယားရဲတပ်ဖွဲ့သည် လွန်ခဲ့သည့်နှစ်များအတွင်း ကာတိုနာ မြို့ ၊ ဇါရ်ယာ မြို့ နှင့် အာဘူဂျာ မြို့တော် တွင် ကမ္ဘာ့ ကွတ်ဒ်စ် ချီတက်ပွဲကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများတွင် အစ္စလမ်မစ် လှုပ်ရှားမှု နှင့် ရှီအဟ် ခေါင်းဆောင် ရှိက်ခ် အီဗရာဟီးမ်  ၏ ကလေးသုံးဦးအပါအဝင် နိုင်ဂျီးရီးယားရှီအဟ် ဒါဇင်ပေါင်းများစွာ သည် ဤနိုင်ငံ တွင် အသတ် ခံရ ၍  ရှဟီးဒ် ဖြစ်ခဲ့ ကြကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။

****************************************************************

END / 251