အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၀ ဧပြီ ၂၀၂၄

၁၉:၀၁:၁၃
1455369

အာဖဂန် နစ္စတန် နိုင်ငံ ဟီရာသ် ပြည်နယ် ရှိ ရှီအဟ် ဗလီ ဝတ်ကျောင်းတော် တစ်ခု အား အကြမ်းဖက် တိုက်ခိုက်ခံမှု ဖြစ်ပွားခဲ့ ၊ ခုနှစ် ဦး ရှဟီးဒ် ဖြစ်

အာဖဂန် နစ္စတန်နိုင်ငံ ဟီရာသ် ပြည်နယ် ရှိ ရှီအဟ် ဗလီ ဝတ်ကျောင်းတော် တစ်ခု တွင် အကြမ်းဖက် တိုက်ခိုက် ဖြစ်ပွားခဲ့ပြီး နမာဇ် ဝတ်ပြုသူ ခြောက်ဦး နှင့် ကလေးငယ် တစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ကြောင်း ဝမ်းနည်း စွာ သိရှိခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ်ရှိ ရှီအဟ် ဗလီတစ်ခု တွင် အမည်မသိ သူများမှ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိခဲ့ရပါတယ်။

ဂိုဇ်ရဟ် (Guzrah )  မြို့  အန်ဒီရှဟ် (Andisha)  ဧရိယာရှိ  အေမာမ်ဇမာန်း (အ.ဂျ)  ဗလီကိုဝတ်ကျောင်းတော်  အမည်မသိ အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ပြီး နမာဇ် ဝတ်ပြုသူ ခြောက်ဦး  နှင့် ကလေးငယ် တစ်ဦး အသက်ဆုံးရှုံး  (ရှဟီးဒ် ဖြစ်) ခဲ့ရသည်ဟု ဤအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။


ရှေဆောင် အေမာမ် H.I ဂျဝီးဒ် ၏ ဓာတ်ပုံ

ဒေသဆိုင်ရာ သတင်းရင်းမြစ်များအရ မဂ်ရိဗ်ဘိုင်းနမာဇ် ဝတ်ပြုနေစဥ် အတွင်း အမည်မသိ အကြမ်း ဖက်သမားများက ဗလီကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အေမာမ် ဇမာန်း (အ.ဂျ)  ဗလီ ဝတ်ကျောင်းတော် ၏ ရှေဆောင် အေမာမ် H.I ဂျဝီးဒ် အပါအဝင် နမာဇ် ဝတ်ပြုသူ ခြောက်ဦး  ကလေးတစ်ဦးအပါအဝင် နမာဇ်ဝတ်ပြုသူ အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရခဲ့ပါတယ်။

အာဖဂန်နစ္စတန် အာဏာရပါတီ တာလီဘန်တို့က ဒီအကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်တာမျိုး မရှိသေးကြောင်း သိရှိရပါတယ်။

တစ်ဖက်မှာလည်း ဤအကြမ်းဖက်လုပ်ရပ်အတွက် ဘယ်အဖွဲ့ကမှ တာဝန်ယူထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

.......................................................

END / 251