အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃၀ ဇွန် ၂၀၂၄

၁၄:၁၉:၁၆
1468717

ကျမ်းတော်မြတ်ကုရ်အာန် သည် မိသားစုများ ၏ ခိုလှုံရာ နှင့် အေးချမ်းမှုကိုဖြစ်စေ ဖြစ်ပါတယ်

ကုရ်အာန်နှင့် အဲဟ်လေ့ဘိုက်(ဿ)(အ.စ) ၏ ယုံကြည်ရေး အယူဝါဒဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲမှ ကျမ်းမြတ်ကုရ်အာန်သည် ယနေ့ခေတ်တွင် ဖိစီးမှုနှင့် ပူပင်သောကများ ပြည့်နှက်နေသော မိသားစုများအတွက် ခိုလှုံရာဖြစ်ပြီး အေးချမ်းမှု ကို ဖြစ်စေကြောင်းပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကုရ်အာန်ကျမ်းတော်မြတ်နှင့် တပ်မတော်၏ နို ယုံကြည်ရေး အယူဝါဒဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲ ဗိုလ်မှူးကြီး မိုင်ဒါနီ အနေဖြင့် နဂျာသ် အဖွဲ့သားများ ကယ်ဆယ်ရေးလေ့ကျင့်ရေး အဆောက်အဦ၏ ဘာသာရေး နှင့် ကုရ်အာန်ဆိုင်ရာ လှုပ်ရှားမှုများကို သွားရောက်ကြည့်ရှုစဉ် အွန်စ် ဗါကုရ်အာန် အစီအစဥ် တွင် တက်ရောက်ပြီး မိဘများ၏ အဓိကတာဝန်တစ်ခုမှာ သားသမီးများအား ကုရ်အာန် နှင့် အကျွမ်းတဝင်ရှိအောင် ပညာပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးကြီး မိုင်ဒါနီ မှ ဆက်လက်ပြီး မိဘများထံ အလ္လာဟ်ဟို အရှင်မြတ် အပ်နှင်းထားသော အရေးကြီးဆုံး အခွင့်အရေးများထဲမှတစ်ခုမှာ ကုရ်အာန်ကျမ်းမြတ် ကို သားသမီးများအား သင်ကြားပို့ချခြင်းကိစ္စကြောင်း ဤပညာရေးကြောင့် အလ္လာဟ်ဟို အရှင်မြတ်သည် ရှင်ပြန်ထမြောက်သောနေ့ (ခ) ကေယာမသ် နေ့ တွင် မိဘများအား အထူးဂရုစိုက်ပေးမည်ဖြစ်ပြီး အနာဂတ် အတွက်လည်း  ထိုသို့သောမိသားစုသည် အာမခံချက်ရှိ မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး သုတေသနပြုချက်များအရ အစကတည်းက ကျမ်းမြတ်ကို သင်ယူခြင်းဖြင့် ကြီးပြင်းလာသော ကလေးများသည် လူမှုရေး ထိခိုက်မှု နည်းပါးပြီး ယုံကြည်ခြင်းနှင့် ဆည်းကပ်ခြင်း၏ ထက်မြက်သော ရလာဒ်များ ဖြစ်ကြောင်း ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူအား ကုရ်အာန် ၏ ရလဒ် ဖြစ်ကြောင်းကောင်းစွာ ထင်ရှားစွာတွေ့မြင်ရ ကြောင်း ပြောကြားခဲ့ပါတယ်။

ကုရ်အာန်ကျမ်းတော်မြတ်နှင့် တပ်မတော်၏ နို ယုံကြည်ရေး အယူဝါဒဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲ ဗိုလ်မှူးကြီး မိုင်ဒါနီ ဆက်လက်ပြီး ကုရ်အာန်ကို မိမိ တို့၏ ဘဝအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆသော မိဘများ ၏ ကလေးများသည်လည်း ကုရ်အာန်ကျမ်းမြတ်ကို သင်ယူလေ့လာဖတ်ရှုရန် စိတ်ပါဝင်စား လာကြမည် ဖြစ်ကြောင်း ဤသည် မိမိတို့ ၏ကလေးများအား ကုရ်အာန်ကို သင်ကြားသည့်နည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251