အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၂ မတ် ၂၀၁၇

၀၈:၄၁:၂၀
815086

မြန်မာနှင့်ထိုင်းအမျိုးသမီးအသင်း ခြေစမ်းပွဲ အနိုင်၊ အရှုံးမပေါ်

၂၀၁၈ အာရှဖလားခြေ စစ်ပွဲအကြို မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီး လက်ရွေးစင်အ သင်းတို့ ခြေစမ်းပွဲ၌ အနိုင်အရှုံး မပေါ်ဘဲ ဂိုးမရှိသရေရလဒ် ထွက် ပေါ်ခဲ့သည်။



 ၂၀၁၈ အာရှဖလားခြေ စစ်ပွဲအကြို မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီး လက်ရွေးစင်အ သင်းတို့ ခြေစမ်းပွဲ၌ အနိုင်အရှုံး မပေါ်ဘဲ ဂိုးမရှိသရေရလဒ် ထွက် ပေါ်ခဲ့သည်။

မတ်လ ၁ ရက်က မန္တလေး မြို့ မန္တလာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်သည့် ယင်းပွဲတွင် မြန်မာ အမျိုးသမီးအသင်းက အဓိကက ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ထိုင်းအမျိုးသမီးအသင်းက လူ ငယ်ကစားသမားအများစုဖြင့် ပွဲ ထုတ်ခဲ့သည်။


ပထမပိုင်းတွင် မြန်မာအ သင်းသည် ထိုင်းအသင်းကိုဖိအား ပေးကစားနိုင်ပြီး ဂိုးသွင်းခွင့် ငါးကြိမ်ခန့် ဖန်တီးနိုင်သော်လည်း အဆုံးသတ် မသေချာမှုကြောင့် ဂိုးမရခဲ့ပေ။ ပထမပိုင်း ၁၀ မိနစ်တွင် ဖြတ်တင်ဘောမှတစ်ဆင့် မြန်မာအသင်းကွင်းလယ်လူ ၀င်းသိင်္ဂီထွန်း ဂိုးသွင်းယူနိုင်ခဲ့သော် လည်း ကွင်းလယ်ဒိုင်က လက်ထိဘောအဖြစ် သတ်မှတ်ပြီး အ၀ါ ကတ်ပြ  သတိပေးခဲ့သည်။

ဒုတိယပိုင်းတွင် ထိုင်းအ သင်းက မြန်မာအသင်းကို ပြန် လည် ဖိအားပေး ကစားနိုင်ခဲ့  သည်။ မြန်မာအသင်းသည် ဒုတိယပိုင်း ၇၅ မိနစ်နောက်ပိုင်းတွင် လူငယ်ကစားသမားများ ထည့် သွင်းအသုံးပြုပြီး ယင်းနောက် ထိုင်းအသင်းက ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း မြန်မာ ဂိုးသမား မြဖူးငုံ လက်စွမ်းပြ ကာကွယ်နိုင်မှုနှင့် ကန်သွင်းချက် နှစ် ကြိမ် တိုင်ထိမှန်သောကြောင့် ဂိုး မရခဲ့ပေ။

ယခုပွဲစဉ်နှင့် ပတ်သက်၍ မြန်မာအမျိုးသမီးအသင်း နည်းပြ ချုပ် ရော်ဂျာက ‘‘ဒီနေ့ပွဲ ပထမ ပိုင်းမှာ ဂိုးသွင်းခွင့်တွေအများအ ပြားရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ သုံးဂိုး၊ လေးဂိုးလောက် ရမယ်လို့ ထင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲပြီး ခါနီး ၁၀ မိနစ်မှာ ထိုင်းအသင်း ရဲ့ ဖိအားပေးမှုကို ခံခဲ့ရပေမယ့် ကျွန်တော်တို့အသင်း ကံကောင်းခဲ့ပါတယ်။ AFC ပြိုင်ပွဲမှာတော့ ကျွန်တော်တို့ ဒီလိုအပိုင်ဂိုးသွင်း ခွင့်တွေကို လွဲချော်လို့မရပါဘူး’’ ဟုပြောသည်။

 ထိုင်းအမျိုးသမီးအသင်း နည်းပြ ပရိုင်ယာက လာမည့် ဒု တိယပွဲတွင် အသင်းလူစာရင်းကို အပြောင်းအလဲ ပြုလုပ်မည်ဖြစ် ကြောင်း၊ ယင်းသို့ပြောင်းလဲခြင်း သည် မြန်မာအသင်းကို မလေး စား၍မဟုတ်ကြောင်း၊ ခြေစမ်းပွဲ လာကစားသည့် ရည်ရွယ်ချက်မှာ ကစားသမားစုံပွဲထွက် ကစားခွင့် ရရှိရန် ရည်ရွယ်ကြောင်း ပြော ကြားခဲ့သည်။

‘‘ပထမပိုင်းမှာ မြန်မာအ သင်း ကစားတာ ကောင်းခဲ့ပါ တယ်။ ဒုတိယပိုင်းမှာတော့ ကျွန် တော်တို့အမှားတွေကို ပြန်လည် ပြင်ဆင်ပြီး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော့်အသင်းက ကစားသ မားတွေက နိုင်ငံတကာပွဲ မကစားရတာ ကြာနေပါပြီ’’ဟု ထိုင်းအသင်းနည်းပြ ပရိုင်ယာကဆို သည်။

 မြန်မာအမျိုးသမီးအသင်း နှင့် ထိုင်းအမျိုးသမီးအသင်းတို့ ၏ ဒုတိယခြေစမ်းပွဲကို မတ်လ ၃ ရက်၌ ကျင်းပရန် မူလက သတ် မှတ်ထားသော်လည်း နောက်ဆုံး အတည်ပြုချက်အရ မတ်လ ၄ ရက်သို့ ပြောင်းရွှေ့လိုက်ကြောင်း  မတ်လ ၁ ရက် ည ၉ နာရီခန့်တွင် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြား သည်။

===================
251/End