၂၃ မတ် ၂၀၂၀ - ၁၉:၁၆
ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သားများ နေအိမ်၌သာ ကန့်သတ်နေထိုင်ရန် ဝန်ကြီးပြော

ထိုင်းနိုင်ငံမှ မြန်မာ လုပ်သား အများအပြား ပြန်လည် ဝင်ရောက်လာ၍ ၎င်းတို့၏နေအိမ် များ၌ အသွားအလာကန့်သတ် ခြင်း (Home Quarantine) ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

ထိုင်းနိုင်ငံမှ မြန်မာ လုပ်သား အများအပြား ပြန်လည် ဝင်ရောက်လာ၍ ၎င်းတို့၏နေအိမ် များ၌  အသွားအလာကန့်သတ် ခြင်း (Home Quarantine) ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြော သည်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင် ရောက်လာသူ အလွန်များပြား သဖြင့် ၎င်းတို့အား သတ်မှတ် နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း (Facility Quarantine) ဆောင်ရွက်ရန်မဖြစ်နိုင် ကြောင်း ယမန်နေ့က ပြုလုပ် သည့်  COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ၎င်းကပြောသည်။

နေရပ်ပြန်လာသည့် မြန်မာ လုပ်သားများအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနက သတ်မှတ်ထား သည်များကို အသိစိတ်ဓာတ်ရှိစွာ ဖြင့် တိကျစွာလိုက်နာကာနေအိမ် ၌ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်ရမည်ဟု ဝန် ကြီးဒေါက်တာမြင့်ထွေးက ပြော သည်။

ထိုသို့ နေထိုင်မှသာလျှင် ရောဂါဖြစ်ပွားမှုရှိပါက ချက်ချင်း သိရှိကာ လျင်မြန်စွာကုသမှုပေး နိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊  ဆွေမျိုးများနှင့် အိမ်နီးချင်းများကို  ရောဂါမကူးစက်စေရန်ထိရောက် စွာ တားဆီးထိန်းချုပ်နိုင်မည်ဖြစ် ၍ ၎င်းတို့အား သေချာစွာပြော ကြားအသိပေးရမည်ဟု ၎င်းကဆို သည်။ ထို့အပြင် နေအိမ်များ တွင် အသွားအလာကန့်သတ်နေ ထိုင်သူများအနေဖြင့် နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသ တင်းပေးပို့ရမည်ဖြစ်ပြီး လိုက်နာ ဆောင်ရွက်ရမည့်အချက်များကို  ဆောင်ရွက်ခြင်းရှိ၊ မရှိကိုလည်း  ကျန်းမာရေးဝန်ထမ်းများနှင့် အ ထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ က ပြည်သူများ၏ ပူးပေါင်းပါဝင် မှုဖြင့် ကြီးကြပ်ဆောင်ရွက်ရ မည်ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

နေရပ်ပြန်လာသည့် မြန်မာလုပ်သားများ ယမန်နေ့က မြဝတီမြို့သို့ ရောက်ရှိလာစဉ်



လက်ရှိတွင် COVID-19 ရောဂါကြောင့် သေဆုံးမှုရာခိုင် နှုန်းသည် ရောဂါစတင်ဖြစ်ပွား သည့်ကာလထက် မြင့်တက်လာ ကြောင်း၎င်းက သတိပေးသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဓာတ် ခွဲအတည်ပြုလူနာများကို တွေ့ရှိ ပါက ကုသမှုပေးနိုင်ရန် ဆေးရုံ ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု များကို ပိုမိုအားစိုက်ဆောင်ရွက် နေကြောင်း ပြည်ထောင်စု  ဝန်ကြီးက ရှင်းလင်းသည်။

ပြည်သူများအနေဖြင့်COVID-19 ရောဂါ၏ မိမိတို့နိုင်ငံအ ပေါ်ရိုက်ခတ်နိုင်သော အခြေအ နေ၊ အတိမ်အနက်ကို သိရှိကာ ပေါ့လျော့ခြင်းလုံးဝမရှိဘဲ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာ န၏ ရောဂါကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများတွင် ပူးပေါင်းပါ ဝင်ဆောင်ရွက်ခြင်းနှင့် ထုတ်ပြန် ထားသည့် အချက်များကို စနစ်  တကျ လိုက်နာကျင့်သုံးရန်လည်း  ၎င်းက တိုက်တွန်းသည်။

..............................................

End / 251