အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အာဖရိကတိုက်ရှိ ဆီနီဂေါ နိုင်ငံ သား ရှီအာ သာသနာ့ ပညာရှင် ၊ ရှီအာ သာသနာပြု ဟွဂ်ျဂျသွလ် အစ္စလာမ် ရှိက်္ခ နူးဟ် မာနီ သည် ဤလောက ကြီးကို ထာဝရ နှုတ်ဆက် ထွက်ခွာ သွားကြောင်း သိရှိရပါတယ်။
မရ်ဟွန်မ် အာလင်မ် မေဒီးန် သည် အီရတ် ၊ လက်ဘနွန် နှင့် ဆီးရီးယား နိုင်ငံ တို့တွင် သာသနာ့ ပညာ ကို သင်ယူ ဆည်းပူး ခဲ့ပါတယ်။ ပြီးနောက် မိမိ နေရပ် သို့ ပြန်လာခဲ့ပြီး နှစ် ၄၀ တိုင် မိမိ၏ ဒေသတွင် ရှီအာ မဇ်ဟဗ် နှင့်ပတ်သက်ပြီး သာသနာ ပြုခဲ့ပါတယ်။
မရ်ဟွန်မ် အနေဖြင့် ဆီနီဂေါ နိုင်ငံ ၏ Ziguinchor မြို့ တွင် ရစူလ်လေ အအ်ဇါမ် (صلی الله علیه وآله ) စင်တာ ကို တည်ထောင် ခဲ့ပါတယ်။ ထိုစင်တာ မှ တပည့် အမြောက်အများ ကို မွေးထုတ် ပေးခဲ့ပါတယ်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက် (သ) ( علیهم السّلام) သည်ပတ်သက်ပြီး ပညာ ရပ်များ ကို ပို့ချ ခဲ့ပါတယ်။
ရှီအာမဇ်ဟဗ် ကို တိုးတက် ပွားများ အောင် ကြိုးပမ်းမှု တွင် မရ်ဟွန်မ် ၏ ရဲရင့်မှု သတ္တိရှိမှု သည်အနှိုင်းမဲ့ ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဒေသ ခံ ပြည်သူလူထု များ မှ မရ်ဟွန်မ် အား ဆီနီဂေါ ယေ ခိုမေနီ ဟု ဂုဏ်ပေး ခေါ်ဆို ကြလေ၏။





မရ်ဟွန်မ် ရှိက်္ခ မာနီ နောက်ဆုံး ထွက် သက်တိုင် ရစူလ်လေ အအ်ဇါမ် (صلی الله علیه وآله ) စင်တာ တွင် သာသနာ နှင့်ပတ်သက်ပြီး လှုပ်ရှား ခဲ့ပြီး သာသနာပြု ဆရာ အမြှောက်အများ ကိုမွေး ထုတ် ပေး ခဲ့ပြီး အခြားမြို့ များ သို့ လည်း သာသနာပြု မောင်လာနာ များ စေလွတ်ပေးခဲ့ပါသည်။ ဟွဂ်ျဂျသွလ် အစ္စလာမ် ရှိက်္ခ နူးဟ် မာနီသည် ကောင်းမြတ်သည့် ကိုယ်ကျင့်တရား စာရိတ္တ နှင့် အတိုင်းအစ မရှိ အကျိုးပြုမှု တို့ကြောင့်ဒေသဆိုင်ရာ ပြည်သူများအနေဖြင့် မရ်ဟွန်မ် အား အထူးရိုသေလေးစားကြပါတယ်။
ဆီနီဂေါ နိုင်ငံသား ဟွဂ်ျဂျသွလ် အစ္စလာမ် ရှိက်္ခ နူးဟ် မာနီ သည် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) ( علیهمالسّلام) ၏ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ၎င်း ၏ ဂျနာဇာ တွင် လိုက်ဗိုက်ကယာဟိုစိန် (အ.စ) ဆိုသည့် ညာသံများနှင့် ပို့ဆောင် ခဲ့ကြပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ၏ အန္တရာယ် ရှိနေသည့် အကြား မရ်ဟွန်မ် ၏ မယက်သ် အား အမြောက် အများ ပို့ဆောင် ခဲ့ကြကြောင်း ကြား သိရပါတယ်။