အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အာဖဂန် နစ္စတန် ပြည်ထဲရေး ဝန်ကြီးဌာန မှ အာရှုရာ အစီအစဉ် ကို တိုက်ခိုက်ရန် စီစဉ်ထားသူ ၉ ဦး အား ဖမ်းမိ ကြောင်း ကြေငြာ ထား ပါတယ်။
ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ ထုတ်သတင်းစာ တွင် ဖော်ပြထားသည်မှာ - အဖြတ်တိုက် အထူးရဲ တပ်ဖွဲ့ ဝင်များ ၏ ၅ ကြိမ်မြောက် လုံခြုံ ငြိပ်ဝပ်ရေး စစ်ဆင်ရေး အရ အဇါဒါရီ ပြုလုပ်သူများ ကို တိုက်ခိုက် မည့် အကြမ်းဖက် သမား တစ်ဖွဲ့ အား ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရှိ ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့များ မှ ဤ စစ်ဆင်ရေး ကို ပြီးခဲ့သည့် ည က ဆောင်ရွက် ပေးခဲ့ပါတယ်။ ရလာဒ် အဖြစ် ကာဘူးလ် မြို့ ရှိ ကူသာ ဆန်ဂီးန် ဆိုသည့် ရပ်ကွက် ရှိ အဇါဒါရီ ပြုလုပ်သူများ ကို တိုက်ခိုက်မည့် အမျိုးသမီး ၁ဦးပါဝင် သည့် အကြမ်းဖက်သမား ၉ ဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။
ကူသာ ဆန်ဂီးန် ဆိုသည့် ရပ်ကွက် သည် ကဘူးလ် မြို့ ၏ အနောက်ဘက် အရပ် တွင် တည်ရှိ ပြီး မဟော်ရမ်လ တွင် အဇါဒါရီ အများ ဆုံး ပြုလုပ်သည့် နေရာ ဖြစ်ပါတယ်။
အာဖဂန် ပြည်ထဲရေး ၏ ကြေငြာချက်အရ ဤ စစ်ဆင်ရေး တွင် အသေခံ ဗုံးခွဲ အင်္ကျီ ၂ ထည် ၊ ဗုံး ၆ လုံး အား ဖမ်းဆီးရမိခဲ့ ကြောင်း သို့သော် ၎င်း အကြမ်းဖက် အဖွဲ့ သည့် မည်သည့် အဖွဲ့ မှ ဖြစ်ကြောင်း အတိအကျ မသိရ သေးကြောင်း သိရှိရပါတယ်။
အာဖဂန် နစ္စတန် ဒုသမ္မတ ၏ အဇါဒါရီ ပြုလုပ်သည့်နေရာများ ၊ အဇါဒါရီပြုလုပ်သူများ စုရုံးကြ သည့် အဓိက နေရာများ သည် ယခင်ထက်ပိုမို၍ အန္တရာယ်များ ကြောင်း ကြေငြာ ပြီးနောက် ရက်ပိုင်း အတွင်း ဖမ်းမိခဲ့ခြင်း ဖြစ်မိတယ်။


မိုဟမ္မဒ် စရ်ဝရ် ဒါနစ်ရှ် အနေဖြင့် မိမိ ၏တရားဝင် ဖေ့စ်ဘွက်ခ် စာမျက်နှာ တွင်ဖော်ပြထားသည်မှာ - ရပ်ကွက် အဆင့် အတန်းများ အရ အစွန်းရောက် အုပ်စု များ တည်ရှိလာပြီး ဖြစ်သည့် အတွက် အပြောင်းအလဲ ရှိလာနိုင် ကြောင်း ရေးသား ထားပါတယ်။
အာဖဂန် နစ္စတန် နိုင်ငံ တွင် မဟော်ရမ်အစီအစဉ်များ ကို ရက်အနည်းငယ် အလျှင်က အထူး လုံခြုံရေး နှင့် ကျန်းမာရေး အစီအမံများ နှင့် စတင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုများနှင့် ကရိုနာ ရောဂါ သတိပေး ချက်များရှိနေသော်လည်း ကာဘူးလ် မြို့ တွင် မဟော်ရမ် အဇါဒါရီ အစီအစဉ် များ ၏ ပြင်ဆင်မှုများ သည် မြို့ ၏ နေရာ အနှံ့ တွင် ရှိနေပြီး တံခါးများ ကို အနက်ရောင် အဝတ်များ နှင့် တန်ဆာ ဆင်ထား ကြောင်း သိရှိရပါတယ်။
တာဝန်ခံ များ၏ ပြောပြချက်အရ ကာဘူးလ် မြို့ မဟော်ရမ် အဇါဒါရီများ ၏လုံခြုံရေး အား ပြီးခဲ့ သည့် နှစ်များ နည်းတူ ပြည်သူ လူထု မှ တိုက်ရိုက် ပါဝင် ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ၏ အကူ အညီ အဖေး အမဖြင့် ဒေသခံ လက်နက်ကိုင်ပြည်သူများ မှ တာဝန်ယူထားကြောင်း သိရှိရပါတယ်။
ပြီးခဲ့သည့် နှစ်များတွင် လည်း ရှီအာ မွတ်စလင်မ်များ ၏ ဘာသာရေး အစီအစဉ်များ အဇါဒါရီများ ကို ပစ်မှတ်ထားပြီး အကြိမ် ကြိမ် တိုက်ခိုက်ခံ ကြောင်း သိရှိရပါတယ်။
*********************************************
END / 251