အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု များပြားလာတာကြောင့် မန္တလေးခရိုင်အတွင်းက စာသင်ကျောင်းတွေကို ၁၂ ရက်ကြာ ပိတ်ဖို့ ညွှန်ကြားချက် ထွက်ရှိလာတယ်လို့ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
ဇူလိုင် ၅ ရက်ကနေ ၁၆ ရက်အထိ ၁၂ ရက်ကြာ ကျောင်းတွေ ယာယီ ပိတ်မယ်လို့လည်း သိရပါတယ်။
မန္တလေးခရိုင်အတွင်းက အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်တွေအပြင် ကိုဗစ်ကူးစက်နှုန်း များပြားနေတဲ့ ပြင်ဦးလွင်မြို့နယ်က စာသင်ကျောင်းတွေကိုပါ ယာယီပိတ်ခိုင်းမယ်လို့ သိရပါတယ်။
မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်ကိုလည်း stay at home ကြေညာထားပါတယ်။
****************************************************************
END / 251
၄ ဇူလိုင် ၂၀၂၁ - ၁၈:၅၀
News ID: 1156880
မန္တလေးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု များပြားလာတာကြောင့် မန္တလေးခရိုင်အတွင်းက စာသင်ကျောင်းတွေကို ၁၂ ရက်ကြာ ပိတ်ဖို့ ညွှန်ကြားချက် ထွက်ရှိလာတယ်လို့ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။