၂၉ ဇန်နဝါရီ ၂၀၂၂ - ၂၀:၁၉
ဖယ်ခုံတွင် စစ်ကောင်စီကင်းစခန်းကို PK -PDFက တိုက်ခိုက်၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအနီး ထိုင်တော်မူဘုရားနားက စစ်ကောင်စီကင်းစခန်းကို ဇန်နဝါရီ ၂၉ ရက် ဒီနေ့ မနက် ၆ နာရီလောက်က ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် PK -PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအနီး ထိုင်တော်မူဘုရားနားက စစ်ကောင်စီကင်းစခန်းကို  ဇန်နဝါရီ ၂၉ ရက် ဒီနေ့ မနက် ၆ နာရီလောက်က  ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်  PK -PDF  က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း ခမရ ၄၂၁ တပ်ရင်းမှ  DSA 49 ဆင်း ဗိုလ်ကြီးစိုးနိုင် အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ယောက်ထက် မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ၂ စင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့  PK -PDF ဘက်က ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၉ နာရီခွဲလောက်မှာတော့ PK-PDF အနေနဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ နေအိမ်တချို့ထိမှန်ပျက်စီး ခဲ့ရပါတယ်။

****************************************************************
END / 251