အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွတ်စလင်မ် အမျိုးသမီးတစ်ဦး ၊ မိခင်တစ်ဦး အနေဖြင့် မိမိ ၏ မီးဖိုချောင် နှင့် ထမင်းစားပွဲ ကို (ကျက်သရေမင်္ဂလာ) ရှိအောင် ဗရ်ကသ် (ကောင်းချီးမင်္ဂလာအဖြာဖြာ) ရှိ အောင် မည်ကဲ့သို့ စီစဉ် သင့်ကြောင်း ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
၁။ပထမ မီးဖိုချောင် သို့ မဝင်မည်အလျင် ဝဇူပြုပြီး ရပါမည်။ ဝဇူပြု၍ ဝင်ရပါမည်။
၂။မီးဖိုချောင်ထဲ ရောက်လျင်ရောက်ခြင်း ((بسم الله الرّحمن الرّحیم )) အသံထွက် ((ဗစ်မစ်လ္လာဟ် ဟေရ်ရဲဟ်မန်(န) နေရဟီးမ်)) ဆိုပြီး ရွတ်ဖတ် ရပါမည်။
၃။ မီးဖိုချောင် အလုပ်များနေသည်ကို မြင်ရလျင် ((لاحول ولا قوة الاّ بالله )) အသံထွက် ((လာဟောင်လာ ဝလာကူးဝသာအစ်လာဗစ်လ္လာဟ် )) ဆိုပြီးရွတ်ဆိုရပါမည်။
၎။ ထမင်းမချက်မည် ၊ ဟင်းမချက်မည် ဤထမင်းဤဟင်းအား နဇဲရ်အတွက်ဆိုသည့် နီယသ် နှင့် ချက်ရပါ မည်။ မအ်စူးမ် (၁၄)ပါး နှင့် အညီ နေ့စဉ် မအ်စူမ်တစ်ပါး အမည်ဖြင့် နဇဲရ်ပြုပြီး ချက်သင့် ပါတယ်။ ဤသို့ဖြင့် နဇဲရ် ၏ စဝါးဗ်ကိုလည်း ရမည်။ထိုပြင် မိသားစုဝင်များ အနေဖြင့် နဇဲရ် ထမင်း ဟင်းကို လည်းသုံးဆောင်တာ ဖြစ်သွားပေမည်။
၅။ မီးဖိုချောင်သုံးပစ္စည်းများ ၊ ချက်စရာ၊ပြုတ်စရာများ ဝယ်ယူသည့် အချိန် စူရဟ်ကောင်စဲရ်နှင့် စူရဟ် ကဒ်ရ် အား ဖတ်ရွတ်ရပါမည်။ ဤသို့ ဗရ်ကသ် အမြောက်အများ ကို ဖြစ်စေပါမည်။
စူရဟ် ကောင်စဲရ်
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ .
إِنَّآ أَعْطَيْنَٰكَ ٱلْكَوْثَرَ .فَصَلِّ لِرَبِّكَ وَٱنْحَرْ . إِنَّ شَانِئَكَ هُوَ ٱلْأَبْتَرُ .
စူရဟ်ကဒ်ရ်
بِّسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ .
إِنَّآ أَنزَلْنَٰهُ فِى لَيْلَةِ ٱلْقَدْرِ . وَمَآ أَدْرَىٰكَ مَا لَيْلَةُ ٱلْقَدْرِ .لَيْلَةُ ٱلْقَدْرِ خَيْرٌ مِّنْ أَلْفِ شَهْرٍ . تَنَزَّلُ ٱلْمَلَٰٓئِكَةُ وَٱلرُّوحُ فِيهَا بِإِذْنِ رَبِّهِم مِّن كُلِّ أَمْرٍ .سَلَٰمٌ هِىَ حَتَّىٰ مَطْلَعِ ٱلْفَجْرِ .
၆။ထမင်း၊ဟင်းချက်နေစဉ် စူရဟ် နူးရ်ရ် ၏ အာယသ်တော် အမှတ် ၃၅ အားဖတ်ရွတ် ရပါမည်။ ဤသို့ဖြင့် ထမင်း၊ဟင်း အတူတူ သုံးဆောင်ကြမည့် မိသားစုဝင်များ အကြား ချစ်ခြင်းမေတ္တာ ကိုအ များအပြားဖြစ် စေပါမည်။ ပြီးနောက်နှလုံးသားတွင် နူးရ် ကို ဖြစ်ထွန်းစေပါမည်။ ပြီးနောက် ထမင်း၊ဟင်း အတူတူ သုံးဆောင်ကြမည့် မိသားစုဝင်များ ၏ကိုယ်ကျင့်တရား ၊စာရိတ္တ ကောင်းမွန်ပေ မည်။ (ဤခေတ်ကြီးတွင် အထူးပြုလုပ်သင့်ပါတယ်။)
စူရဟ် နူးရ် အာယသ်တော် အမှတ် ၃၅
بِّسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ .
ٱللَّهُ نُورُ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ مَثَلُ نُورِهِۦ كَمِشْكَوٰةٍ فِيهَا مِصْبَاحٌ ۖ ٱلْمِصْبَاحُ فِى زُجَاجَةٍ ۖ ٱلزُّجَاجَةُ كَأَنَّهَا كَوْكَبٌ دُرِّىٌّ يُوقَدُ مِن شَجَرَةٍ مُّبَٰرَكَةٍ زَيْتُونَةٍ لَّا شَرْقِيَّةٍ وَلَا غَرْبِيَّةٍ يَكَادُ زَيْتُهَا يُضِىٓءُ وَلَوْ لَمْ تَمْسَسْهُ نَارٌ ۚ نُّورٌ عَلَىٰ نُورٍ ۗ يَهْدِى ٱللَّهُ لِنُورِهِۦ مَن يَشَآءُ ۚ وَيَضْرِبُ ٱللَّهُ ٱلْأَمْثَٰلَ لِلنَّاسِ ۗ وَٱللَّهُ بِكُلِّ شَىْءٍ عَلِيمٌ .
၆။မီးဖိုချောင်တွင် မီးစမွေးသည့်အချိန် ((اللهمّ اجرنا من النّار )) အသံထွက် ((အလ္လာဟ်ဟွန်မ်မာ အဂျေရ်နာ မေနန်နာရ်)) ဆိုပြီး ဖတ်ရွတ်ရပါမည်။ အဓိပ္ပာယ်မှာ အိုအလ္လာဟ်ဟိုအရှင်မြတ် သခင် ကျနော်မျိုးတို့ အား ဂျဟန္နမ် (ငရဲဘုံ)၏ မီး နှင့် ဝေးကွာ စွာထားတော်မူပါ။
၇။ မီးဖိုချောင်တွင် ရေသုံးစဉ် ဆလ်ဝသ် ဖတ်ရွတ်ရပါမည်။ဤသို့ဖြင့် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ရှဖာအသ် ကို ရရှိမည် ဖြစ်ပြီး၊ ကောင်စဲရ် ရေကို သောက်သုံးခွင့်ရရှိမည် ဖြစ်ပါသည်။
၈။ အသီးအနှံများ ၊ဟင်းသီးဟင်းရွက်များ နှင့်အသားများ ကို သုံးဆောင်ချိန် ((اللهمّ إنّی اسئلک الجنّه )) အသံထွက် (( အလ္လာဟ်ဟွန်မ်မာ အင်န်နီ အက်စ်အလိုကလ်ဂျန်နဟ်)) ဆိုပြီး ဖတ်ရွတ်ရပါမည်။ အဓိပ္ပာယ်မှာ အိုအလ္လာဟ်ဟို အရှင်မြတ် သခင် ၊အရှင်ထံမှ ကျနော်မျိုး ဂျန္နသ်(အမတသုခဘုံ) ကို တောင်းဆိုတောင်းခံအပ်ပါသည်။
၉ ။ ဓားဖြင့်အသားကို ကိုလှီးဖြတ်ချိန် ၊ တုံးချိန် ၊ အခြားအသီးအရွက်စသည်များကို လှီးဖြတ်ချိန် (( سبحان الله )) (( စိုဗ်ဟနလ္လာဟ်)) နှင့် ((الحمدلله )) အလ်ဟမ်ဒိုလစ်လ္လာဟ် ဆိုသည့် ဇေက်ရ် အား ဖတ်ရွတ်ရပါမည်။
၇။ချက်ပြုတ်ပြီးသည့် ထမင်း၊ဟင်း စားသောက်ဖွယ်များ အပေါ် ဗရ်ကသ် ဖြစ်စေရန် နီယသ်ဖြင့် စူရဟ် ကိုရိုက်ရှ် အား ၇ ကြိမ် ဖတ်ရွတ်ရပါမည်။
စူရဟ်ကိုရိုက်ရှ်
بِّسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ .
لِإِيلَٰفِ قُرَيْشٍ .إِۦلَٰفِهِمْ رِحْلَةَ ٱلشِّتَآءِ وَٱلصَّيْفِ .فَلْيَعْبُدُوا۟ رَبَّ هَٰذَا ٱلْبَيْتِ .ٱلَّذِىٓ أَطْعَمَهُم مِّن جُوعٍ وَءَامَنَهُم مِّنْ خَوْفٍۭ .
၈။ မောပန်းသည့်အချိန် ((اعوذبالله )) အအူဇိုဗစ်လ္လာဟ် ဟုရွတ်ဆိုပြီး အလ္လာဟ်ဟိုအရှင်မြတ် ထံ ခိုလုံသင့်ပါသည်။
၉။ မီးဖိုချောင်အလုပ်များ ပြီးဆုံးသွားချိန် တွင် အလ္လာဟ်ဟိုအရှင်မြတ် ကျေးဇူတင် ချီးမွမ်း ထောမနာခြင်းကို ပြုရပါမည်။
အထက်ပါတင်ပြချက်များကို လုပ်ဆောင်ခြင်း သည် အလ္လာဟ်ဟို အရှင်မြတ် ၏ ဇေက်ရ် ပြုနေခြင်းလည်းဖြစ်မည်။ ထိုပြင် အိမ်မှုကိစ္စလည်းကိုဆောင်ရွက်နေခြင်း ဖြစ်ပေမည်။ ပြီးနောက် အလ္လာဟ့် လမ်းတွင် ဂျေဟာဒ် ပြုနေခြင်း ပမာ ဖြစ်ပေမည်။
ကျမ်းကိုးကျမ်းကားများ
1: تفسیر البرهان - سید هاشم بحرانی
2: ثواب الاعمال – مرحوم شیخ صدوق ره
3: مستدرک الوسائل ، ج 1 ، ص 395
4: منتخب الحکمه ، باب 404
တင်ပြသူ - အဘူဖွာတွေမာ
****************************************************************
END / 251