၁၉ မတ် ၂၀၂၂ - ၂၀:၄၄
ပုသိမ်-ချောင်းသာလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ ကားမီးလောင်ကာ လူ ၇ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု ကလပ်ချီကျေးရွာ အနီး ပုသိမ်-ချောင်းသာ ကားလမ်း ပေါ်တွင် ယနေ့ မတ်လ ၁၉ ရက် ညနေပိုင်းက ကံထူးအောင် မှန်လုံကားနှင့် တိုက်မိ၍ အိမ်စီးကား မီးလောင်ရာ ကားပေါ်ပါ လူ ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု ကလပ်ချီကျေးရွာ အနီး ပုသိမ်-ချောင်းသာ ကားလမ်း ပေါ်တွင် ယနေ့ မတ်လ ၁၉ ရက် ညနေပိုင်းက ကံထူးအောင် မှန်လုံကားနှင့် တိုက်မိ၍ အိမ်စီးကား မီးလောင်ရာ ကားပေါ်ပါ လူ ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"ပုသိမ်-ချောင်းသာ ဆွဲနေတဲ့ ကံထူးအောင် မှန်လုံနဲ့ ချောင်းသာက ပြန်လာတဲ့ ပရိုဘောက်ကားနဲ့ ဝင်တိုက်တာပါ၊ ပရိုဘောက်လေး ကတော့ တစ်စီးလုံး မီးလောင်သွားပြီး အထဲမှာ ပါလာတဲ့ လူတွေလည်း အကုန် သေသွားတယ်၊ မှန်လုံကတော့ ပွန်းပဲ့သွားတာပဲ ရှိတယ် ဘာမှ မဖြစ်သွားဘူး" ဟု ကလပ်ချီကျေးရွာနေ ဒေသခံက ဆိုသည်။

ယာဉ်တိုက်မှုကြောင့်  မီးလောင်သွားသည့် ပရိုဘောက် ကားပေါ်ပါ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် နှစ်ဦး စုစုပေါင်း ခုနှစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ် ရရှိရေး ပရဟိတ အသင်းများနှင့် သက်ဆိုင်ရာ ဌာနများ ကြိုးစား စုံစမ်းနေကြောင်း ပရဟိတ အသင်းဝင် တစ်ဦးက ဆိုသည်။

"ဘာကြောင့် တိုက်တယ် ဆိုတာတော့ သေသေချာချာ မသိရသေးဘူး၊ သေတဲ့ လူတွေက ဘယ်သူတွေ ဘယ်ကလာတယ် ဆိုတာလဲ စုံစမ်းနေတုန်းပါ။ လောင်တာကတော့ ယာဉ်တိုက်မှု ဖြစ်ပြီး ပရိုဘောက်ရဲ့ ကားခေါင်းပိုင်းကနေ အရင် စလောင်တာပါ" ဟု ၎င်းကဆိုသည်။

သေဆုံးခဲ့သည့် ရုပ်အလောင်းများအား ပုသိမ်မြို့ပေါ်ရှိ လူမှုကူညီရေး အသင်းများက ပုသိမ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပရဟိတ အသင်းဝင်က ပြောသည်။

****************************************************************
END / 251