၂၃ စက်တင်ဘာ ၂၀၂၃ - ၂၀:၂၉
 လန်ဒန်မှာလုပ်မယ့် ကမ္ဘာ့ ဟာလာလ်အစားအသောက်ပွဲတော်

ကမ္ဘာ့အကြီးဆုံး ဟာလာလ် အစားအသောက်ပွဲတော်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အခုလစတုတ္ထပတ်အတွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့အကြီးဆုံး ဟာလာလ် အစားအသောက်ပွဲတော်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အခုလစတုတ္ထပတ်အတွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၃၊ ၂၄ ရက် Queen Elizabeth Olympic Park မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အခုတစ်ကြိမ်ပါဆို ဒီပွဲတော်ဟာ ၈ ကြိမ်မြောက် ရှိပါပြီ။

အရင်က ‘လန်ဒန်ဟာလာလ်အစားအသောက်ပွဲတော်’ လို့ အမည်ပေးခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ‘ကမ္ဘာ့ ဟာလာလ် အစားအသောက်ပွဲတော်’လို့ ပြောင်းလိုက်ပါတယ်။

ကမ္ဘာတစ်၀ှမ်းက ထင်ရှားတဲ့ ဟာလာလ်အစားအသောက် လုပ်ငန်းတွေ၊ နာမည်ကျော် စားဖိုမှူးတွေ ဒီပွဲတော်မှာ ပါ၀င်မှာဖြစ်ပါတယ်။

ဗြိတိန်က နာမည်ကျော် စာဖိုမှူးနဲ့ စာရေးဆရာမ နာဒီယာ ဟူစိန်က ပွဲတော်မှာ လက်တွေ့ ချက်ပြုတ်ပြမှာဖြစ်ပါတယ်။ သူမဟာ ဘီဘီစီ တီဗီရဲ့ အစားအသောက်အစီအစဥ်မှာ တင်ဆက်နေသူလည်း ဖြစ်ပါတယ်။

လန်ဒန်ရဲတပ်ဖွဲ့၊ Western Union၊ ဗြိတိန် အစ္စလာမ့်ကုန်သွယ်ရေးအသင်းတို့က မိတ်ဖက်အဖြစ် ဟာလာလ်ပွဲတော်မှာ ပါ၀င်မှာဖြစ်ပြီး Tariq Halal Meats လုပ်ငန်းက အဓိက စပွန်ဆာပေးထားပါတယ်။

“လူ့အဖွဲ့အစည်းအားလုံးက လူတွေ ကမ္ဘာ့စားဖွယ်စုံ လက်ရာတွေကို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လာရောက် မြည်းစမ်း ခံစားဖို့အတွက် ကမ္ဘာ့ဟာလာလ်အစားအသောက်ပွဲတော်က အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်” လို့ ပွဲကို စီစဥ်တဲ့ Algebra Festivals အဖွဲ့ မန်းနေဂျင်းဒါရိုက်တာ ၀ါလစ် ဂျာဟန်ဂီရ်က ပြောပါတယ်။
****************************************************************
END / 251