၁၉ ဇန်နဝါရီ ၂၀၂၄ - ၂၀:၂၉
လှိုင်မြို့နယ်တွင် ပစ်ခတ်ခံရသဖြင့် ရပ်ကွက်ရာအိမ်မှူး သေဆုံးပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ပန်းခြံကျောင်းလမ်းမှာ ဒီနေ့ည ၆ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ရပ်ကွက်ရာအိမ်မှူး သေဆုံးကာ အုပ်ချုပ်ရေးမှူး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ပန်းခြံကျောင်းလမ်းမှာ ဒီနေ့ည ၆ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ရပ်ကွက်ရာအိမ်မှူး သေဆုံးကာ အုပ်ချုပ်ရေးမှူး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ ညနေ ၆ နာရီကျော်လောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ စက်ဘီးနဲ့ပြန်လာတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို အ.လ.က ၇ ကျောင်းရှေ့မှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူက ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သေနတ်နဲ့ပစ်တာ ၇ ချက်၊ ၈ ချက်လောက်ရှိတယ်။ ရာအိမ်မှူးက ပွဲချင်းပြီးသေတယ်၊ အုပ်ချုပ်ရေးမှူးက သုံးချက်ထိသွားတယ်။ အခြေအနေမကောင်းဘူး၊ စစ်ဆေးရုံကို ခေါ်သွားတယ်။"

သေဆုံးသူမှာ အုတ်ကျင်းဘူတာရုံလမ်းမှူး ဦးသန်းမြင့်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးကျင်ဖျောက်မှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ အမှတ် ၂ မဂ်လာဒုံစစ်ဆေးရုံကို ပို့ဆေေင်ထားရတယ်လို့ အုပိချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လှိုင်မြို့နယ် ၁၃ ရပ်ကွက်အတွင်းနဲ့ ဘုရင့်နောင်တံတားဘက်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်ကလည်း လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာ ဗိုလ်ကြီးတဦးအပါအဝင် သတင်းပေးဒလန် လေးဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။
****************************************************************
END / 251