၁ အောက်တိုဘာ ၂၀၂၄ - ၁၀:၄၉
အီရတ်ရှိ အမေရိကန် စစ်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်

အီရတ် နိုင်ငံ ဘဂ္ဂဒက် ရှိ အမေရိကန် စစ်စခန်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား ဒုံးကျည်တစ်စင်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရပါတယ်။

အီရတ် နိုင်ငံ ၏ မြို့တော် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်စစ် အခြေစိုက်စခန်းဗစ်တိုးရီးယားအား ဒုံးကျည်ဖြင့် တိုက်ခိုက် ပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံများကြားရကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရပါ တယ်။

အလ်မယာဒီးန် သတင်းဌာန၏ သတင်းထောက် ၏ ပြောပြချက်အရ ဘဂ္ဂဒက်လေဆိပ်အနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

အမေရိကန် စစ်စခန်း တည်ရှိရာ ဧရိယာတွင် ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထား ပါတယ်။

ပါလက်စတိုင်း နှင့် လက်ဘနွန်ရှိ ဇီယွန်ဝါဒီအစိုးရပြီးနောက် ဒေသတွင်းရှိ အမေရိကန်နှင့် ဇီယွန်ဝါဒီများ၏ တပ်ဆင်မှုများ အပေါ် ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေးအဖွဲ့အစည်းများက တိုက်ခိုက်မှုများ တိုးလာကြောင်း သတိ ပြုသင့်ပါတယ်။

.......................................................

END / 251