၂၉ အောက်တိုဘာ ၂၀၂၄ - ၁၄:၁၈
   ကျိုးနွံမှု၊ နှိမ့်ချမှု၏ အံ့သြဖွယ် ရလဒ်

အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကျိုးနွံမှု၊ နှိမ့်ချမှု၏ အံ့သြဖွယ် ရလဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام موسى الكاظم (عليه السلام):

إنّ اللّه َ لَم يَرفَعِ المُتَواضِعينَ بقَدرِ تَواضُعِهِم، و لكنْ رَفَعَهُم بِقَدرِ عَظَمَتِهِ ومجده .

 

အေမာမ် မူစာကာဇင်းမ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ဧကန်မုချ အလ္လာဟ် ဟို အရှင်မြတ် သည် ကျိုးနွံ နှိမ့်ချသူများကို ၎င်းတို့၏ ကျိုးနွံ နှိမ့်ချမှုအတိုင်းအတာနှင့်အညီ မြင့်မားသည့် နေရာကို မချီးမြှင့်တော်မူဘဲ မိမိ၏ ကြီးကျယ် မြင့်မြတ် မှု နှင့် အညီ  မြင့်မားသည့် နေရာကို ချီးြမှင့် ပေးသနားတော် မူပါသည်။ »

ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ ၃၉၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့်  မိမိကိုယ်ကို ကျိုးနွဲ နှိမ့ချပြီးနေထိုင် နိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ လူသားများဟာ ငွေရှိလာလျင် ၊ ပညာတတ်လာလျင် ၊ေနရာလည်း ရလာလျင် မန်မာန ဝင်လာ တတ်ကြပါတယ်။ ကျိုးနွံ နှိမ့်ချမှုကို အရှုံးပေးခြင်း အောက်ကျခံ ရခြင်းလို့ သဘောထားတတ်လာကြပါတယ်။ ဤ အတွက်ကြောင့် အလ္လာဟ် ဟို အရှင်မြတ်၏ ကြီးမား၊ မြင့်မားသည့် နေရာကို ဆွတ်ခူး နိုင်ရန် မိမိကိုယ်ကို ကျိုးနွံ နှိမ့်ချ မှုကို လက်ကိုင် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251