အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာယာသွလ္လာဟ် အလ်အွဇ်မာ မိုဟမ္မဒ် သကီ ဗဲဟ်ရှသ် (ရ.ဟ) မိန့်တော်မူသည်မှာ အာယာသွလ္လာဟ် ဃာဇီ (ရ.ဟ) ၏ တပည့် အချို့ မှ မိမိဆရာ အား အေလ်မေကီမီယဟ် (ရွှေလုပ်လို့ရသည့်ပညာ) သင်ကြားပေးရန် တောင်းဆိုခဲ့ကြ ပါတယ်။ အာယာသွလ္လာဟ် ဃာဇီ (ရ.ဟ) မှ ဤ ဇေက်ရ် အား ဖတ်ရွတ်ပါလေ ။ အေလ်မေ ကီမီယဟ် (ရွှေလုပ်လို့ရသည့်ပညာ) ထက် ပို၍ သာလွန် သည် ဟု မိန့်လေ၏။
ထိုဇေက်ရ်တော်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
« اللَّهُمَّ أَغْنِنِي بِحَلَالِكَ عَنْ حَرَامِكَ وَ بِفَضْلِكَ عَمَّنْ سِوَاكَ »
မြန်မာအသံထွက်
အလာဟွမ်မာ အက်ဂ်နေနီ ဘေဟလာလ်လေက အန် ဟရာမ်မေက ဝဘေဖဇ်လေက အန်မ်မန် စေဝါက်
အဓိပ္ပာယ်
အိုအလ္လာဟ်ဟို အရှင်မြတ်သခင် ကျနော်မျိုးအား အရှင်၏ ဟလာလ် ဖြင့် ဟရာမ် မှ လွတ်မြောက်မှု ပေးသနား တော်မူပါ။ပြီးနောက် အရှင်၏ ဖဇ်လ် (ကျေးဇူးတော်) ဖြင့် ကျနော်မျိုးအား အရှင် ကိုယ်တိုင်မှတပါး အခြား သောသူများ မှ ကင်းလွတ် စေတော်မူပါ။
ဤဇေက်ရ်တော် အား မိမိ အလိုရှိသလောက် အကြိမ် အရေအတွက် ဖတ်ရွတ် နိုင်ပါတယ်။ ဇေက်ရ် မဖတ်ခင် အစ နှင့် အဆုံးတွင် ဆလ်ဝသ် တစ်ကြိမ် သာ ဖတ်ရန် သာ သတိပြုရမည် ဖြစ်ပါတယ်။
ရည်ညွှန်း - မဟ်ဇရ် ဗဲဟ်ဂျသ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၈၅
နောက်ထပ် ရှင်းလင်းချက်
အာယာသွလ္လာဟ် အလ်အွဇ်မာ မိုဟမ္မဒ် သကီ ဗဲဟ်ရှသ် (ရ.ဟ)သည် မိမိ ထံ လာရောက်၍ မိမိတို့၏ စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် နှင့် ဝမ်းရေး တိုးမြင့် ရန် ညွှန်ကြားချက်များ တောင်းခံသူများအတွက် ဤ ဇေက်ရ် တော် အား ဖတ်ရွတ် ရန် မိန့်ကြားခဲ့ပါတယ်။
အင်န်ရှာအလ္လာဟ် စားဝတ်နေရေး ပြဿနာ နှင့် အကြွေးပြဿနာ ရှိသူများ လည်း မိမိတို့၏ ပြဿနာများ အဆင်ပြေ အောင်မြင်ရန် နီယသ် နှင့် နမာဇ် ပြီးတိုင်း ဤ ဇေက်ရ်တော် အား မိမိတို့ တတ်နိုင်သလောက် ပမာ အားဖြင့် ၅ ကြိမ် ၊ ၁၂ကြိမ် ၊ ၁၄ ကြိမ် ၊ အကြိမ်၁၀၀ စသည် ဖြင့် စဆုံးဆလ်ဝသ် တစ်ကြိမ် ဖြင့် ဖတ်သင့်ကြောင်း အကြံပြု တိုက်တွန်းအပ်ပါတယ်။
.......................................................
END / 251