အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အဆိုအရ ဟစ်ဘွလ္လာဟ် လက်ဘနွန်က မိမိ ၏ မိုဂျာဟစ်ဒ်ဒီးန် များသည် အယ်လ်ခါယမ်မြို့ရှိ ဇီယွန်တပ်သားများ၏ တည်နေရာများကို ဒုံးကျည်အများအပြားဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် မိုဂျာဟစ်ဒ်ဒီးန် များ သည် Kafaryuf Zionist အခြေချနေထိုင်ရာ မြောက်ဘက်ရှိ Hizbat al-Ajl စစ်စခန်းကိုလည်း ယနေ့တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
တစ်ဖက်တွင် ဟီဘရူ သတင်းရင်းမြစ်များက သိမ်းပိုက်ထားသော ပါလက်စတိုင်းမြောက်ပိုင်းဒေသ နာဟာရီယာတွင် ဟစ်ဘွလ္လာဟ် ဒရုန်းယာဉ်ပျံ၏ ဗီဒီယိုကို လွှင့်တင်ခဲ့ပါတယ်။
ဇီယွန် မီဒီယာသည် အလ်ဂျလီလ် ဧရိယာ ရှိ အလ်မိုသွလဟ် ကရ်ယာသ် ၊ ရှမ်အူနဟ် ၊ ကဖရ်ယူဝါလ် ၊ ကဖါရ် ဂလ်အာဒီ စသည် ဇီယွန် အခြေ ချနေထိုင်ရာနေရာများရှိ အချက်ပေးဥသြသံများ မြည်နေ ကြောင်း အစီရင် ခံခဲ့ပါတယ်။
ဤ အတောအတွင်း အစ္စရေးစစ်တပ်သည် မိမိ ၏စစ်သားတစ်ဦးသေဆုံးမှုနှင့် အရန်တပ်မှ ဗိုလ်မှူးကြီးတစ်ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း ဝန်ခံခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဘွလ္လာဟ် မိုဂျာဟစ်ဒ်ဒီးန် နှင့် တိုက်ပွဲတွင် ဂိုလာနီ (Golani) တပ်မဟာ ၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း ဇီယွန်စစ်တပ်က ဝန်ခံခဲ့ပါတယ်။
ရှီမာမြို့၌ ဟစ်ဘွလ္လာဟ် မိုဂျာဟစ်ဒ်ဒီးန် နှင့် တိုက်ရိုက်တိုက်ခိုက်ရာတွင် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောကြားခဲ့ပါတယ်။
ယမန်နေ့ကလည်း တောင်လက်ဘနွန်ရှိ အဆောက်အအုံတစ်ခုတွင် ဇီယွန်ဝါဒီစစ်သားများကို ဟစ်ဘွလ္လာဟ် ၏ တိုက်ခိုက်မှုကြောင့် ဇီယွန်အစိုးရ၏ ဂိုလာနီ (Golani) အထူးတပ်မဟာမှ စစ်သားလေးဦး သေဆုံးပြီးတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
.......................................................
END / 251