၂၃ နိုဝင်ဘာ ၂၀၂၄ - ၁၀:၂၁
ကရမ် ဒေသ တွင်  ရှီအဟ်မွတ်စလင်မ်များကို အကြမ်းဖက် တိုက်ခိုက် ခြင်းသည် မွတ်စလင်များ အကြား စည်းလုံး‌ ရေး ပျက်အောင် ပြုလုပ်သည့် ကြံစည်မှုဖြစ် ပါတယ် / အာယာသွလ္လာဟ် ဆယက်ဒ် အလီ စစ်သာနီ

ပါကစ္စတန် နိုင်ငံ ခိုင်ဗရ် ပက်ခ်သူန်ခွာ ခရိုင် မှာ ရှိတဲ့ ကရမ် ဒေသ တွင် ရှီအဟ်မွတ်စလင်မ်များကို အကြမ်းဖက် တိုက်ခိုက် ခြင်းသည် မွတ်စလင်များ အကြား ရှီအဟ်၊ စွန်နီ စည်းလုံး‌ ရေး ပျက်အောင် ပြုလုပ်သည့် ကြံစည်မှုဖြစ် ကြောင်း အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ မိန့်ကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းအေဂျင်စီ၏အဆိုအရ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ သည် ပါကစ္စတန်နိုင်ငံ ကရမ် ဒေသ ရှိ ရှီအဟ် ယာဉ်တန်းအား အကြမ်းဖက်တိုက်ခိုက်မှုအား ရှုတ်ချခဲ့ပြီး အစွန်း ရောက်များ သည် ရာဇ၀တ်မှုဇာတ်လမ်းကို လုပ်ကြံဖန်တီးခဲ့သည်ဟုမိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ   အနေဖြင့် မိမိ၏ မက်ဆေ့ချ်မှာ တော့ ဤ အကြမ်းဖက်တိုက်ခိုက်မှုဟာ မွတ်ဆလင်တွေကြား ကွဲပြားမှုတွေ ဖန်တီးဖို့ ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် ဟောင်ဇေအေလ်မီယေ နဂျဖ် ဖေအရှရာဖ် နှင့် အီရတ် ရှိ မရ်ဂျအ် တော်များ မှ မွတ်စလင်များအကြား ကွဲပြားမှုများကို ဖန်တီးရန် ဤပူးပေါင်းကြံစည်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်း မိန့်ကြားခဲ့ပါ တယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ   အနေဖြင့်  မိမိနိုင်ငံ ၏ နိုင်ငံသားများ ကို အကြမ်း ဖက်တိုက်ခိုက်မှုများ ကနေ ကာကွယ်ဖို့ ပါကစ္စတန်အာဏာပိုင် များ အနေဖြင့်  အထူးအစီအမံများ ပြုလုပ် ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

.......................................................

END / 251