၉ ဒီဇင်ဘာ ၂၀၂၄ - ၀၆:၁၀
  ဆီးရီးယားမှာ ဗရှားရ် အစဒ်  အစိုးရကို အဆုံးသတ်ခဲ့တဲ့ အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ  ဆိုတာ  ဘယ်သူလဲ ?

ဆီးရီးယားနိုင်ငံရှိ ဗရှားရ် အစဒ် ၏ ၂၄ နှစ် တာ အစိုးရကို ဖြုတ်ချခဲ့သော အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ သည် အင်အားအကြီးဆုံး သူပုန်အဖွဲ့ Hayat Tahrir al-Sham (HTS) ၏ ခေါင်းဆောင်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ  ၏အမည်ရင်းမှာ  အဲဟ်မဒ် ဟိုစိုင်းန် အရှ်ရှရာအ်  ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်မြို့  တွင် ၁၉၈၂ ခုနှသ် ၌  မွေးဖွားခဲ့ပြီး ၁၉၈၉  ခုနှစ်တွင် ၎င်း၏ မိသားစုသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့  အနီးတွင် အခြေချနေထိုင်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်တွင် အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ သည် မိမိ ၏ မိသားစုနှင့်အတူ အီရတ်သို့ ပြောင်းရွှေ့ခဲ့ပြီး အမေရိကန်ကို ဆန့်ကျင်သည့် အလ်ကိုင်ဒဟ် များနှင့် ပူးပေါင်းခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၅ နှစ် အကျဉ်းချခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနသည် အဘူ မိုဟမ္မဒ် အလ်ဂျောင်လာနီ ၂၀၁၃ ခုနှစ် မေလတွင် "အထူးကမ္ဘာ့အကြမ်းဖက်သမား" အဖြစ် သတ်မှတ်ခဲ့ပြီး လေးနှစ်အကြာတွင် သူအဖမ်းခံရသည့် သတင်းအတွက် ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မည် ဖြစ်ကြောင်း ကြေညာခဲ့ ပါတယ်။

ယခုအခါ အေမရိကန် စီအန်အန် အဘူ မိုဟမ္မဒ်အလ်ဂျောင်လာနီ အင်တာဗျူ ရုပ်သံ လွှင့်၍ ပြနေပါတယ်။ အမေရိကန် များ ၏ မျက်နှာ နှစ်ဖက်အား ဤနေရာ တွင် သေချာ စွာ သိနိုင်မည် ဖြစ်ပါတယ်။

အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ အကျဉ်းထောင် မှ လွတ်မြောက်လာပြီးနောက် ဆီးရီးယားတွင် အလ်ကိုင်ဒဟ် ၏လက်အောက်ခံ ဂျစ်ဗ်ဟသွန်နိုစ်ရဟ် ကို ထူထောင်ရန် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။

အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ သည် ကနဦးတွင် အီရတ်ရှိ အလ်ကိုင်ဒဟ် ၏ အိုင်အက်စ် အိုင်အက်စ် အကြီးအကဲ အဘူ ဘကဲရ် ဘဂ္ဂဒက်ဒီ နှင့် လက်တွဲခဲ့ပါတယ်။  ၂၀၁၃ ခုနှစ်တွင် အဘူ ဘကဲရ် ဘဂ္ဂဒက်ဒီ  ၊ အလ်ကိုင်ဒဟ် နှင့် အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။

၂၀၁၄  ခုနှစ်တွင် Hayat Tahrir al-Sham ၏ ခေါင်းဆောင် အဖြစ်  Qatar News Channel Al Jazeera၏ အင်တာဗျူ တွင် ဆီးရီးယား နိုင်ငံ အား  အစ္စလာမ်မစ် ဥပဒေများနှင့် အညီ အုပ်ချုပ်သင့်ပြီး လူနည်းစုများကို လက်ခံ မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းတွင် အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ သည် ဤအစီအစဉ် အားကျောပေးပြီး  ဆီးရီးယားနိုင်ငံတွင်း၌ မိမိ ၏အဖွဲ့ကို ဆက်လက်အားကောင်းကြိုးစားခဲ့ပါတယ်။ ၂၀၁၆  ခုနှစ်တွင် အလ်ကိုင်ဒဟ် နှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး မဟာမိတ်အဖွဲ့များနှင့် Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ ကို တည်ထောင်ခဲ့ပြီး အီရန် ၊ ဟစ်ဘွလ္လာဟ် ကို ထောက်ခံအားပေးနေသည့် ဗရှားရ် အစဒ်  ၏ အာဏာရှင် အစိုးရကို အဆုံးသတ်ကာ စွန်နီ အစ္စလာမ့် ဥပဒေနှင့်အညီ ဆီးရီးယား နိုင်ငံတော်အရေးကို လုပ်ဆောင်ရန် သော ဟန်ပြ ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ ပါတယ်။

အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ စွန်နီ အစွန်းရောက် ဝါဒီ တစ်ဦး ဖြစ်ပြီး ဆီးရီးယား နိုင်ငံ အတွင်း အဖိနှိပ် ၊အရက်စက်ခံနေကြသည့် စွန်နီမွတ်စလင်မ်များ ကို ကူညီရန် ကယ်တင်ရန် ညာသံပေးခဲ့သူ ပေးနေသူ ဖြစ်ပါတယ်။ သူသည် အီရန် ၊ ဟစ်ဘွလ္လာဟ် အား ရှီအဟ် မွတ်စလင်မ် ဖြစ်သည့် အတွက်ကြောင့် အလွန် မုန်းတီးသူ ဖြစ်ပါတယ်။ တစ်နည်း အား ဖြင့် သူတွင် ရှီအဟ်၊စွန်နီ ပြဿနာ ကို အားပေးသူ ဖြစ်ပါတယ်။ ဤအချက်ကို အမေရိကန် အစ္စရေး မှ အခွင့်ကောင်း ယူပြီး အီရန်  နှင့် အစ္စရေး ကို ဖြိုရန် အတားအဆီးတစ်ခု ဖြစ်နေသည့် ဗရှားရ် အစဒ်   အစိုးရ ကို ဖြုတ်ချရန် အခုလို အသုံးချ လိုက်ခြင်း ဖြစ်ပါတယ်။

အံ့သြစရာ စဥ်းစားအချက်မှာ ဆီးရီးယား နိုင်ငံ အတွင်း အဖိနှိပ်၊အရက်စက်ခံနေကြသည့် စွန်နီမွတ်စလင်မ်များ ကို ကူညီရန် ကယ်တင်ရန် ညာသံပေးခဲ့အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ နှင့် ၎င်း ၏ Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ သည် ပတ်ကား စွန်နီ မွတ်စလင်မ်များ ဖြစ်သည့် ပါလက်စတိုင်း နှင့်ဂါဇာ အတွက်  တိုက်ပေးဖို့ဆို ဝေးလာဝေး အသံ ပင် မထုတ်ရဲ မထွက်ရဲ သူများ ဖြစ်နေခြင်း အချက် ဖြစ်ပါတယ်။

ပြီးနောက် ပတ်ကား စွန်နီ ပါလက်စတိုင်း နှင့် ဂါဇာ အတွက် တိုက်ပွဲဝင်ပေးနေသူများ မှာ အီရန် (ရှီအဟ်) ၊ ဟစ်ဘွလ္လာဟ် (ရှီအဟ် )၊ ယီမင် ဟူသီ (ရှီအဟ်) ၊ အီရတ် ပြည်သူ့ တပ် (ရှီအဟ်) ဖြစ်ကြပါတယ်။

မှတ်သားစရာအချက် မှာ အခုလို ဗရှားရ် အစဒ် အစိုးဖြုတ်ရသည့်အချက်များ မှ အရေး အကြီးဆုံးအချက် တစ်ခုမှာ သမ္မတ ဗရှားရ် အစဒ် အား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဆုံးမသတိပေး စကားပြောကြားခဲ့သည် ကို မလိုက်နာဘဲ ဂျော်ဒန် နှင့် ကာတာ တို့ အပေါ် ယုံကြည်ပြီး အာယာသွလ္လာဟ် ကြီး ၏ စကားကို ဘေးချိတ်ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါ တယ်။

.......................................................

END / 251