အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံမှာ အစ္စလာမ် ခုံတုံးလုပ် အကြမ်းဖက်အဖွဲ့ IS နဲ့ ပတ်သက်တယ်လို့ သံသယရှိသူ ဆီးရီးယား နိုင်ငံသား ၄ ဦးကို ဖမ်းဆီးဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့ တွေ့ရှိပါက အကြောင်းကြားဖို့ ထိုင်းအာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို အလည်ဗီဇာနဲ့ ၀င်ရောက်လာတာဖြစ်ပြီး သက်တမ်းကုန်လို့ ဗီဇာထပ်မံရရှိဖို့ ကြိုးစားနေကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က TNN သတင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က)နဲ့ နောင်ခိုင်နယ်စပ်တွေမှာ ဗီဇာ ရရှိဖို့အတွက် ကြိုးစားနေကြောင်း သတင်းက ဆိုပါတယ်။
အဆိုပါသတင်းအရ ဆီးရီးယား နိုင်ငံသား ၄ ဦးဟာ အသက် ၂၉ နှစ်အရွယ်ကနေ အသက် ၅၇ နှစ် အရွယ်တွေ ဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံ လုံခြုံရေး ကောင်စီကတော့ သူတို့တွေဟာ IS အဖွဲ့နဲ့ ပတ်သက်မှု ရှိမရှိ ဆိုတာကို အတည်မပြုနိုင်သေးပေမယ့် ထိုင်းပြည်သူတွေ အနေနဲ့ တွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြာပေးဖို့ ပြောဆိုထားပါတယ်။
နိုဝင်ဘာလ နောက်ဆုံး ၂ ပတ်မှာ ပတ္တယားကို ၄ ဦး၊ ဖူးခက်နဲ့ ဘန်ကောက်မြို့ကို ၂ ဦး၊ တခြားမြို့ကို ၂ ဦးစီ လာရောက်ဖို့ရှိတယ်လို့ မကြာသေးခင်က သတင်းထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
==================
251 / End