အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ်များရွေးချယ်ရန် ရပ်မိရပ်ဖငါးဦးကိုမူ ရွေးချယ်ထားကြသည်
ကမာရွတ်မြို့နယ် (၇)ရပ်ကွက်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရန် ရပ်မိရပ်ဖများအား ရွေးချယ်ရေး ပြင်ဆင်နေသည်ကို ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ သက်တမ်းပြင်ဆင်ချက်ဥပဒေကို လွှတ် တော်တွင် အတည်ပြုခဲ့သောကြောင့် ပြန်လည်ရွေးချယ်တင်မြှောက်ရန် ပြင် ဆင်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများကို ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။
မူလက ရပ်ကျေးအုပ်ချုပ်ရေးမှူး များ၏ သက်တမ်းကို ပြည်သူ့လွှတ် တော်သက်တမ်းနှင့်အညီ သတ်မှတ်ထား ခဲ့သည်။ လက်ရှိကျင်းပနေသော ပြည်သူ့ လွှတ်တော်သက်တမ်းသည် ယခု ဇန်န ဝါရီလကုန်တွင် ကုန်ဆုံးမည်ဖြစ်၍ ရပ် ကွက်ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူး များကို ဇန်နဝါရီအတွင်း အပြီးရွေးချယ်ရန် ညွှန်ကြားချက်များ ထုတ်ပြန် ခဲ့သည်။
သို့သော် ဒီဇင်ဘာ ၃၁ ရက်တွင် ပြု လုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်း အဝေး၌ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးသက်တမ်းကို သမ္မတ သက်တမ်းနှင့်အညီဖြစ်သည်ဆိုသည့် ပြင်ဆင်ချက်ကို အတည်ပြုခဲ့ပြီးနောက် ရပ်ကွက်အချို့တွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေမှုများ ရွှေ့ဆိုင်းထားခဲ့ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ပြောသည်။
‘‘ရပ်မိရပ်ဖ ငါးဦးကိုတော့ ရွေးလိုက်ပြီးပြီ။ မြို့နယ်က ဥပဒေ ပြင်ဆင်ချက်ရှိလို့ ရွှေ့လိုက်တယ် လို့ လှမ်းပြောတာနဲ့ ဆက်မလုပ် ဖြစ်ဘူး။ ပထမတော့ ဒီလအတွင်း မှာ အပြီးရွေးရမယ်လို့ ညွှန်ကြား ထားတာပေါ့။ အခုတော့ ဒီလထဲ မဖြစ်နိုင်တော့ဘူး။ ရပ်ကျေးရွေး ကောက်ပွဲပြန်လုပ်ရမှာက သုံးလ ပိုင်းလို့လည်း ကြားတယ်။ ငါးလ ပိုင်းမှလို့လည်း ကြားတယ်’’ ဟု ကမာရွတ်မြို့နယ် အမှတ်(၄)ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း က ပြောသည်။
ရပ်ကျေးရွေးကောက်ပွဲအ တွက် ကြီးကြပ်မည့်ရပ်မိရပ်ဖ ငါး ဦးကို ဥပဒေပြင်ဆင်ချက်မထွက် မီကတည်းက ရွေးချယ်ထားပြီး ရွေးကောက်ပွဲပြုလုပ်မည့် အချိန်ကာလကို မသိသေးသော်လည်း လက်ရှိရွေးချယ်ပြီးသား ရပ်မိရပ်ဖများကိုသာ ကြီးကြပ်စေမည်ဖြစ် ပြီး အသစ်ထပ်မံ ရွေးချယ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
အချို့ရပ်ကွက်များတွင်မူ ဇန်နဝါရီအတွင်း ရွေးချယ်ပွဲပြု လုပ်ရမည့်ညွှန်ကြားချက်ကြောင့် ရပ်မိရပ်ဖငါးဦးရွေးချယ်ရန် ပြင် ဆင်မှုပြုလုပ်နေဆဲဖြစ်ပြီး ယခုလ အတွင်း ပြုလုပ်ရန် မလိုသေးဟု ထပ်ဆင့် ညွှန်ကြားချက် ရှိလာ သောကြောင့် ပြင်ဆင်မှုများ ရပ် နားထားသည်ဟု သတင်းရရှိ သည်။
‘‘ရပ်ကျေးဥပဒေ ပြင်ဆင် ချက်ကြောင့် တစ်လပိုင်းမလုပ် ဖြစ်တော့ဘူးလို့တော့ ပြောတယ်။ ဘယ်တော့ လုပ်ရမယ်ဆိုတာမျိုး အတိအကျ ညွှန်ကြားတာတော့ မရှိသေးဘူး။ ဥပဒေပြင်ဆင်တာ ကြောင့်လို့ပဲ သိတယ်။ မြို့နယ်က လည်း ခရိုင်ရဲ့ညွှန်ကြားချက်ထပ် စောင့်နေတဲ့သဘောရှိတယ်’’ဟု မင်္ဂလာဒုံမြို့နယ် (၃/ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောသည်။
ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနှင့်ပတ်သက်၍ ယခု အချိန်ထိ တိကျသည့်ညွှန်ကြား ချက် ထွက်မလာသေးသော ကြောင့် ညွှန်ကြားချက်စောင့်နေ ရသည့်အခြေအနေတွင်ရှိပြီး ဥပ ဒေသက်တမ်းသတ်မှတ်ချက်နှင့် အညီ ဆက်လက် လုပ်ဆောင်ရ မည်ဟု သံတွဲမြို့နယ်အုပ်ချုပ်ရေး မှူး ဦးသန်းဇော်ဟန်က ပြော သည်။
‘‘ကျွန်တော့်မြို့နယ်ထဲမှာ တော့ ရပ်မိရပ်ဖရွေးပြီးတဲ့ ရပ် ကွက်တွေ ရှိသလို တချို့တွေ လည်း ကျန်သေးတယ်။ ဘယ် တော့ ရွေးချယ်ပွဲလုပ်မယ်ဆိုတာ တော့ ဥပဒေအတိုင်းပဲ သွားရမှာ ပေါ့။ ပြည်နယ်၊ တိုင်းဒေသကြီး တစ်ခုနဲ့တစ်ခုတော့ တူမှာမဟုတ် ဘူး’’ဟု ၎င်းက ဆိုသည်။
ရပ်ကျေးဥပဒေတွင် မူလက ရပ်ကျေးအုပ်ချုပ်ရေးသက်တမ်း ကို ပြည်သူ့လွှတ်တော်သက်တမ်း နှင့်အညီ သက်မှတ်ထားရာမှ ပြည်သူ့လွှတ်တော်က သမ္မတ သက် တမ်းနှင့်အညီ ပြောင်းလဲခဲ့ပြီးသက်
တမ်းသုံးကြိမ်ထက် မပိုရဟူသည့်အစား နှစ်ကြိမ်ထက် မပိုရဟူ သော ပြင်ဆင်ချက်ကို ဒီဇင်ဘာ ၃၁ ရက်က အတည်ပြုခဲ့သည်။
ယင်းပြင်ဆင်ချက်ကို အ မျိုးသားလွှတ်တော်၌ ထပ်မံအ တည်ပြုရန်နှင့် လွှတ်တော်နှစ်ရပ် အတည်ပြုချက်ကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးအ တည်ပြုရန် လုပ်ငန်းစဉ်များကျန် နေသေးသည့်အတွက် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲပြုလုပ် ရမည့် အချိန်မှာ ခန့်မှန်းရန် ခက်ခဲ နေသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
‘‘အမျိုးသားလွှတ်တော်က အတည်ပြုချက်လည်း အမြန် ထွက်ဖို့လိုတယ်။ ဒါပေမဲ့ ဒီပြင် ဆင်ချက်ကြောင့် ရွေးကောက်ပွဲ တက်သုတ်ရိုက်လုပ်ရမှာထက်စာ ရင် အချိန်လုံလုံလောက်လောက် ရနိုင်မယ့် အနေအထားဖြစ်သွား တာတော့ ကောင်းတယ်လို့ ပြော ရမှာပဲ’’ဟု ဒေါ်ဖြူဖြူသင်းက ဆို သည်။
ရပ်ကျေး အုပ်ချုပ်ရေးမှူး များကို လက်ရှိအစိုးရသက်တမ်း မကုန်ဆုံးမီ ပြုလုပ်မည်ဆိုပါက အောက်ခြေအဆင့်အုပ်ချုပ်ရေး အပိုင်းကို လက်ဦးမှု ရယူထား နိုင်သည့်အနေအထားတွင်ရှိနိုင် သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်း အကြား သုံးသပ်မှုများလည်း ရှိနေသည်။
သို့သော် အုပ်ချုပ်ရေးအပိုင်း ကို ပြည်သူက ရွေးချယ်ခြင်းဖြစ်၍ ပြည်သူ့အားမှာ အဓိကကျသည့် အတွက် မည်သည့်အချိန်တွင် ရွေးချယ်မှုလုပ်လုပ် ထူးခြားမှုမရှိနိုင် ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။
‘‘ပြည်သူတွေက သူတို့ကြိုက် တဲ့သူရွေးချယ်ခွင့်ရှိတယ်။ လက်ရှိအုပ်ချုပ်တဲ့သူ မကောင်းရင် ဆက်ရွေးမှာမဟုတ်ဘူး။ မကောင်းတဲ့ သူ ဆက်အုပ်ချုပ်နေလည်း မကျေနပ်ရင် ဖြုတ်ချပိုင်ခွင့်က ပြည်သူ့လက်ထဲမှာရှိနေတယ်။ အဓိကလိုအပ်တာတော့ ပြည်သူတွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ပတ်သက်တဲ့ ဥပဒေအကြောင်း သိရှိနားလည်ထားမယ်ဆို စိုးရိမ်စရာ မရှိ ပါဘူး’’ဟု ၎င်းက ဆိုသည်။
ရပ်ကွက်နှင့် ကျေးရွာအုပ် ချုပ်ရေး ဥပဒေတွင် ပြင်ဆင်ရန် အချက်များစွာရှိနေသေးပြီး အဓိ ကအားဖြင့် ဆယ်အိမ်စုကိုယ်စား လှယ်ရွေးချယ်မှုစနစ်မကျခြင်းနှင့် ရပ်မိရပ်ဖငါးဦး ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု နည်းခြင်း စ သည့် အချက်များကြောင့် ပြီးခဲ့ သည့်ရွေးကောက်ပွဲ၌ အငြင်းပွား မှုများဖြစ်ပေါ်ခဲ့ကြောင်း ရပ်ကျေး ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာသည့် အဖွဲ့များက ထောက်ပြ သည်။
လာမည့်ရွေးကောက်ပွဲတွင် အဆိုပါအချက်များကို ကြိုတင် ပြင်ဆင်နိုင်မှုမရှိဘဲ ပြုလုပ်ပါက အလားတူ ပြဿနာများ ဆက် လက်ဖြစ်ပေါ်လာနိုင်ကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညို သင်းက ပြောသည်။
ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အချိန်ကာလ သည် အဓိကမကျဘဲ ပါတီအစွဲကင်းခြင်း၊ အဂတိ လိုက်စားမှု ကင်းခြင်းနှင့် လူကောင်းဖြစ်ရန် လိုအပ်ခြင်း စသည့် အချက်သုံး ချက်သာ အဓိက လိုအပ်သည်ဟု တိုင်းအုပ်ချုပ်ရေးအရာရှိဟောင်း တစ်ဦးက အကြံပြုသည်။
==========================
251/End