အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရဲ့ ဆိပ်ကမ်းမြို့ တူတီကိုရင်မှာ ဝေလငါး အနည်းဆုံး အကောင် ၅၀ လောက် ကမ်းခြေမှာ သောင်တင်ခဲ့တယ်လို့ ဒေသခံမီဒီယာက ဇန်န၀ါရီ ၁၂ ရက်နေ့မှာ အစီရင်ခံပါတယ်။
ငါးလုပ်ငန်းဌာနကအရာရှိ အခင်းဖြစ်ရာကို ရောက်လာပြီး ဝေလငါးတွေကို ပင်လယ်ထဲ ပြန်ပို့ခဲ့ကြပါတယ်။
ဒေသခံတွေက သူတို့ကို ပင်လယ်ထဲ ပြန်တွန်းပို့ခဲ့ပေမယ့် တချို့ ဝေလငါးတွေက လမ်းကြောင်းပျောက်နေပြီး ကမ်းခြေဆီကိုပဲ ပြန်ကူးလာခဲ့ကြပါတယ်။
ဝေလငါး အနည်းဆုံး အကောင်လေးဆယ်လောက် သေဆုံးတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
ဝေလငါးတချို့ကို ကယ်တင်နိုင်ခဲ့ပြီး သမုဒ္ဒရာထဲ ပြန်ပို့နိုင်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
======================================
251 /End