၇ ဖေဖော်ဝါရီ ၂၀၁၆ - ၁၈:၅၀
အသက်မပြည့် ကလေးငယ်ကို လိင်ဆက်ဆံသည့် ဘုန်းကြီး ဖမ်းဆီးခံရ

အသက်မပြည့်သေးတဲ့ ကလေးငယ်တဦးကို လိင်ဆက်ဆံခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ ပါဝင်တဲ့ ဘုန်းကြီးတပါးကို ထိုင်းနိုင်ငံ၊ နန်းခရိုင်အနီး နာမွမ်ဒေသတွင်းက ဘုန်းကြီး ကျောင်းတခုထဲမှာ ဇန်န၀ါရီလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အသက်မပြည့်သေးတဲ့ ကလေးငယ်တဦးကို လိင်ဆက်ဆံခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ ပါဝင်တဲ့ ဘုန်းကြီးတပါးကို ထိုင်းနိုင်ငံ၊ နန်းခရိုင်အနီး နာမွမ်ဒေသတွင်းက ဘုန်းကြီး ကျောင်းတခုထဲမှာ ဇန်န၀ါရီလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဖရာယုသ်အမည်ရတဲ့ အဲဒီဘုန်းကြီးဟာ လန်းပွန်းမြို့၊ ချေဟွန်းခရိုင်၊ ဘာဆာဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ဘုန်းကြီးတပါးဖြစ်ပြီး ရဲတွေက ဖမ်းမိချိန်မှာ ပြစ်ဒဏ်ပေးနိုင်ဖို့ အထက်ကျောင်းထိုင်ဘုန်းကြီးက လူဝတ်လဲ ပေးခဲ့တာပါ။

သူဟာ ရွာတရွာထဲမှာ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးတဦးကို လိင် ဆက်ဆံနေတဲ့ ရုပ်သံဗွီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ရွာသားတွေက တွေ့ရှိခဲ့ ကြတာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လက်ယာဘက်ကျောကုန်းပေါ်မှာ ဒိုရေမွန်အရုပ်ပုံ တက် တူးထိုးထားပြီး ခေါင်းတုံးတုံးထားတဲ့ အမျိုးသားတဦးရဲ့ လိင်ဆက်ဆံနေပုံကို တွေ့ရတဲ့အတွက် ခြေရာခံနိုင်ခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဖမ်းမိခဲ့ချိန်မှာ ရုပ်သံဗွီဒီယိုဖိုင်ထဲက အမျိုးသားဟာ သူဖြစ်ပြီး ပြစ်မှုကျူးလွန် ကြောင်း နာရင်က ၀န်ခံခဲ့တယ်လို့ ရဲတွေကပြောပါတယ်။

ဒေသခံရွာသား ၂၀၀ ကျော်ဟာ ရုပ်သံဗွီဒီယိုဖိုင်အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဒီအမှုကို ကိုင်တွယ်နိုင်ဖို့ သက်ဆိုင်ရာအထက်မှ ဘုန်းတော်ကြီးတွေကို တိုင်ကြားခဲ့ပြီး နောက်မှာ စတင်စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

==========================
251/End