၁၁ မတ် ၂၀၁၆ - ၂၀:၀၃
အောက်ချင်းငှက်တို့အလှည့်

တောင်သူမိဘနှစ်ဦးမှ မွေး ဖွားလာသည့် ချင်းတိုင်းရင်းသား တစ်ဦးသည် အသက် (၅၈) နှစ် အရွယ်တွင် အမျိုးသားလွှတ်တော် မှ တင်မြှောက်သည့် ဒုသမ္မတ လောင်းဖြစ်လာပြီဖြစ်သည်။ယင်း မှာ မြန်မာ့နိုင်ငံရေးသမိုင်းအတွက် သာမက ချင်းတိုင်းရင်းသားတို့ သမိုင်းအတွက်ပါ စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုး တက်မှု နောက်ကျဆုံးဖြစ်သည့် ချင်းပြည်နယ်မှ ပြည်သူ့ကိုယ်စား လှယ်တစ်ဦးသည် နိုင်ငံတွင် ဒုတိယအကြီးဆုံးရာထူးကို ရရှိ တော့မည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင် ခွင့်ရလာတော့မည်ဖြစ်သည်။ ‘‘အဓိကကျတဲ့ လိုအပ်ချက် ကတော့ လမ်းပန်းဆက်သွယ်ရေး ပဲ’’ဟု သူ၏ ဒေသလိုအပ်ချက်ကို ရှုမြင်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


တောင်သူမိဘနှစ်ဦးမှ မွေး ဖွားလာသည့် ချင်းတိုင်းရင်းသား တစ်ဦးသည် အသက် (၅၈) နှစ်

အရွယ်တွင် အမျိုးသားလွှတ်တော် မှ တင်မြှောက်သည့် ဒုသမ္မတ လောင်းဖြစ်လာပြီဖြစ်သည်။ယင်း

မှာ မြန်မာ့နိုင်ငံရေးသမိုင်းအတွက် သာမက ချင်းတိုင်းရင်းသားတို့ သမိုင်းအတွက်ပါ စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုး တက်မှု နောက်ကျဆုံးဖြစ်သည့် ချင်းပြည်နယ်မှ ပြည်သူ့ကိုယ်စား လှယ်တစ်ဦးသည်

နိုင်ငံတွင် ဒုတိယအကြီးဆုံးရာထူးကို ရရှိ တော့မည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင် ခွင့်ရလာတော့မည်ဖြစ်သည်။

‘‘အဓိကကျတဲ့ လိုအပ်ချက် ကတော့ လမ်းပန်းဆက်သွယ်ရေး ပဲ’’ဟု သူ၏ ဒေသလိုအပ်ချက်ကို ရှုမြင်သည်။


ဦးဟင်နရီဗန်ထီးယူကို ချင်း ပြည်နယ် ထန်တလန်မြို့ရှိသီးကီးရ် ရွာတွင် ၁၉၅၈ သြဂုတ် ၉ ရက်၌ အဖဦးလျံတလုံး၊

အမိဒေါ်ငွန်ပါရ်း တို့က ဖွားမြင်သည်။ ၎င်းသည် ရန်ကုန်တက္ကသိုလ်တွင်ရော မန္တလေးတက္ကသိုလ်၌ပါ ပညာ

ဆည်းပူးခဲ့သည်။ စစ်မှုထမ်း ဟောင်းတစ်ဦးလည်းဖြစ်ပြီး စစ် သက် အနှစ်နှစ်ဆယ်ရှိခဲ့ကာ ဗိုလ် မှူးအဆင့်မှ

အရပ်ဘက်သို့ ပြောင်းခဲ့ခြင်းဖြစ်သည်။ ခလရ (၄၆) ပူတာအို၊ ခလရ (၄၀)ဟူပြင်၊ ခလရ (၂၂၃) မိုးမိတ်၊ စဗဟ

(၂)၊ ရတခ(ဘား အံ)၊ ရတခ(မော်လမြိုင်)၊ ခမရ (၅၀၃) သီပေါ၊ ခမရ (၄) အင်းမ တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့ နောက် အရပ်ဘက်သို့ပြောင်းရွှေ့ သွားခဲ့ပြီး မန္တလေး ဗာဂျီးနီးယား စက်ရုံမှူး၊ ဒုအထွေထွေမန်နေ ဂျာ၊

စီမံခန့်ခွဲရေးဌာန (စက်မှု-၁) နှင့် ဘီးလင်းအရက်ချက်စက်ရုံတွင် စက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည်။

ဇနီးဖြစ်သူမှာ ဒေါက်တာရွှေလွှမ်းဖြစ်ပြီး သား နှစ်ယောက်၊ သမီးတစ်ယောက်ရှိသည်။

ဦးဟင်နရီသည် စစ်မှုထမ်း ဟောင်းဘ၀ရော အစိုးရ၀န်ထမ်း ဘ၀ကိုပါ ကျင်လည်ခဲ့သည်။ သို့ သော် ၀န်ထမ်းဘ၀မှ

အငြိမ်းစား ယူပြီးနောက်ပိုင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ သည်

‘‘အင်န်အယ်လ်ဒီပါတီသာ လျှင် နိုင်ငံရဲ့ ကောင်းရာကောင်း ကျိုးကို အားအကောင်းဆုံးနဲ့ မောင်းနှင်နိုင်မယ်၊

စွမ်းဆောင်နိုင် မယ်လို့ယုံကြည်တယ်။ အဲဒီယုံ ကြည်ချက်နဲ့ ၀င်လာတာပါ’’ဟု ဒီချုပ်သို့ ၀င်ရောက်ရခြင်းအ

ကြောင်းကို ရှင်းပြသည်။ တပ်မ တော်ကို အတိုက်အခံလုပ်ရန် ၀င် ရောက်လာခြင်းမဟုတ်ကြောင်း လည်း

၎င်းကပြောသည်။

သမ္မတလောင်းအမည် စာ ရင်းကို လွှတ်တော်သို့ မတင်သွင်း မီအချိန်အထိ သာမန်ကိုယ်စား လှယ်များကဲ့သို့ပင်

သွားလာနေ ထိုင်လျက်ရှိသည့် ဦးဟင်နရီဗန် ထီးယူသည် မတ်လ ၁၀ ရက် အမျိုးသားလွှတ်တော်အပြီးတွင်

လွတ်လပ်မှုများ ကုန်ဆုံးသွား သည်။ လွှတ်တော်ခန်းမထဲမှ ထွက်လိုက်သည်နှင့်မီဒီယာအုပ်စု ကြီးက

စောင့်လို့ကြိုနေသည်။ သူ သွားရာလမ်းကို ပိတ်ပြီးမေးခွန်း တွေ မေးသည်။

‘‘ကျွန်တော့်ကို ဒီတာဝန် ပေးအပ်တာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တိုင်းရင်းသားတွေ အပေါ်မှာ

ဘယ်လောက်အထိ တောင် အလေးအနက်ထားတယ် ဆိုတာ ပေါ်လွင်ပါတယ်။ ဒါ ကြောင့်မို့လည်း

ရှေ့လျှောက် နိုင်ငံတော်တည်ဆောက်တဲ့အခါ မှာ ကျွန်တော်တို့တိုင်းရင်းသား တွေအနေနဲ့ တတ်နိုင်တဲ့ဘက်က

နေ အကောင်းဆုံးဖြစ်အောင် ၀ိုင်း ပြီးကြိုးစားဆောင်ရွက်ပါ့မယ်လို့ ပြောချင်ပါတယ်’’ဟု လွှတ်တော် မှ

အထွက်တွင် ဖြေကြားခဲ့သည်။ ဒုသမ္မတလောင်းအဖြစ် တင် မြှောက်ခံရရန် ချင်းပြည်နယ် အမျိုးသားမဲဆန္ဒနယ်

အမှတ် (၃)  အမတ်မှာ မမျှော်လင့်ထားခဲ့ပေ။

ယခင်က အေးအေးဆေး ဆေးရှိလှသည့် စည်ပင်ဧည့်ရိပ် သာရှိ သူ၏အခန်းကို မီဒီယာများ က လိုက်လံရှာဖွေကြသည်။

တစ် ဖွဲ့က အင်တာဗျူးနေစဉ် နောက် တစ်ဖွဲ့က တံခါးလာခေါက်လျက်ရှိသည်။ သူကမေးခွန်းများကိုသတိကြီးကြီးထား ဖြေကြားခဲ့သည်။

‘‘ကျွန်တော်ပြောချင်တာက လက်ရှိ အထူးသဖြင့် အန်တီ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပါတီအ ကြီးအကဲတွေပေါ့။

ကျွန်တော်တို့ တိုင်းရင်းသားတွေ၊ ချင်းအမျိုးသားတွေကို လျစ်လျူရှုမထားပါဘူး။ ကျွန်တော်တို့ကို ချီးမြှင့်ပါတယ်။

အခုလိုအနေအထားကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေအပေါ်မှာထားတဲ့ ပါတီရဲ့ စေတနာသဘောထားကို

ကျွန်တော်သဘောပေါက်သလို ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေလည်း သဘောပေါက်နား လည်မယ်လို့

ထင်ပါတယ်’’ဟု ပြည်သူများကို သတင်းစကားပါးသည်။

 ပြိုင်ဘက်ပါတီ ပြည်ခိုင်ဖြိုး က ဦးခင်အောင်မြင့်ကို အပြိုင် အဆိုတင်သွင်းခဲ့သော်လည်း ဒီ ချုပ်လွှမ်းမိုးသည့်

လွှတ်တော်တွင် ပါတီဝင်ဖြစ်သူ ဦးဟင်နရီဗန်ထီး ယူသာ ဒုသမ္မတအဖြစ် တင် မြှောက်ခံရရန် အလားအလာ

ကောင်းနေသည်။သို့သော်သမ္မတ အရည်အချင်း ပြည့်စုံမှု ရှိ၊မရှိ စိ စစ်ရေးအဖွဲ့၏ စိစစ်မှုခံယူပြီးပါ က

ဒုသမ္မတဖြစ်လာရန်အလား အလာ ကောင်းနေပြီဖြစ်သည်။


======================
251 / End