ရိုဇဟ် ၏ အမျိုး အစားများ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ဝါဂျစ်ဗ် ရိုဇဟ် (ဥပမာ:လမြတ် ရမ်တွာန် ၏ ရိုဇဟ် )
- မွတ်စ်သဟဗ် ရိုဇဟ် (ဥပမာ:ရဂျဗ်လ (သို့) ရှအ်ဗာန်လ ၏ ရိုဇဟ် )
- မက်ရူးဟ် ရိုဇဟ် (ဥပမာ:အာရူရာနေ့ ၏ ရိုဇဟ် )
- ဟရာမ် ရိုဇဟ် (ဥပမာ:အီးဒ်ဒိုလ်ဖေသ်ရ် နှင့် အီးဒ်ဒေကုရ်ဘာန် ၏ ရိုဇဟ် )
သတိပြုစရာ
- အကယ်၍ ရိုဇဟ် ထားလျှင် အန္တရာယ် ဖြစ်နိုင်မည်ဆိုလျှင် ဝါဂျစ်ဗ် ရိုဇဟ် ထားခြင်းသည်လည်း ဟရာမ် ရိုဇဟ် ဖြစ်သွား မည်ဖြစ် ပါသည်။
အန္တရာယ် အတွက်ဥပမာ
- ရိုဇဟ် ထားလျှင် သေဆုံးသွားမည်ဟု သိနေပါတယ်။
(သို့မဟုတ်)
- ရောဂါ အတွက် အချိန် ကြာမှုကို ဖြစ်စေမည် ။
အမေး (၂) :ဤအခြေအနေကို ဘယ်လို သိနိုင်မှာလဲ ?
အဖြေ : ကိုယ်တိုင် ယုံကြည် စိတ်ချရ သည့်အနေအထား ကြောင့် ဖြစ်စေ
(သို့မဟုတ်)
အတိတ်၏ အတွေ့အကြုံ များ အရကြောင့် ဖြစ်စေ
(သို့မဟုတ်)
စိတ်ချယုံကြည်ရသည့် ဒေါက်တာ၏ ပြောကြားချက်ကြောင့် ဖြစ်စေ
(သို့မဟုတ်)
အသိဥာဏ် အထောက်အထားကြောင့် ဖြစ်စေ
အခြေအနေ
ဒေါက်တာပြောပါသည် …
(၁) ရိုဇဟ် ထားလျှင် အန္တရာယ် ရှိသည် ။ ကျွန်တော်အနေဖြင့် ဒီလိုဘာ အန္တရာယ်မှ မရှိဘူးလို့ ယုံကြည်ပါသည်။
(သို့မဟုတ်)
(၂) ရိုဇာ ထားပါ။ မည်သည့် အန္တရာယ်မှ မရှိ ပါ ။တကယ်တော့ ရိုဇဟ် ကျွန်တော်အတွက် အန္တရာယ် ဖြစ်စေကြောင်း စိတ်ချယုံကြည်ပါသည်။
အမေး (၃) : ဤအခြေအနေ တွင် ဘယ်သူစကား ကို အတည်ပြုရမည် နည်း ? ကျွန်တော် လား? (သို့မဟုတ်) ဒေါက်တာ လား ?
အဖြေ : အသင်၏စကား ကိုအတည်ပြုရပါမည်။ အသင်အနေဖြင့် မိမိ ၏ စိတ်ချ ယုံကြည်မှု အပေါ် အကောင်အထည် ဖော်ဆောင်ရွက် ရပါ မည်။
ဝါဂျစ်ဗ် ရိုဇဟ်များ ၊ဥပမာ
၁။လမြတ်ရမ်တွာန် ၏ ရိုဇဟ်များ
၂။ ကဇွာရိုဇဟ်များ
၃။ကာဖွာရာ ရိုဇဟ်များ
၎။ အဖေ၊အမေ၏ ကဇွာ ရိုဇဟ်များ သားအကြီးဆုံးထားရန်
၅။၊အဓိဋ္ဌာန်၊ ကတိသစ္စာပြုထားသည့် ရိုဇဟ်များ
၆။အအ်သေကာဖ်ထိုင်သူများ အတွက်သုံးရက်မြောက်နေ့ တွင်ထားရ မည့် ရိုဇဟ်
၇။ ဟဂ်ျယေသမသိုအ် အတွက်ကုရ်ဘာနီ အစား ၊ထားရသည့် ရိုဇဟ်များ
(အကျယ်တဝင့် သိရှိရန် (مناسک حج ) ကျမ်းကိုလေ့လာနိုင်ပါသည်။ )
------------------------------
251/End