၂၈ ဇူလိုင် ၂၀၁၆ - ၁၉:၂၁
တူရကီတွင် သတင်းမီဒီယာဌာန ၁၃၀ ကျော်ကို ချိတ်ပိတ်

အခုလ ၁၅ ရက်နေ့က တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့အပြီး အစိုးရက နောက်ဆက်တွဲ ဖြိုခွင်းမှုတွေ လုပ်နေတာမှာ ဇူလိုင် ၂၇ ရက်က သတင်းမီဒီယာဌာနပေါင်း ၁၃၀ ကျော်ကို ချိတ်ပိတ်လိုက်ပါတယ်။ အများစုက သတင်းဌာနငယ်တွေဖြစ်ပေမယ့် သတင်းအေဂျင်စီကြီး ၃ ခု၊ ရုပ်သံလိုင်း ၁၆ လိုင်း၊ သတင်းစာ ၄၅ စောင်နဲ့ မဂ္ဂဇင်းစာစောင် ၁၅ ခုတို့လည်း ပါဝင်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အခုလ ၁၅ ရက်နေ့က တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့အပြီး အစိုးရက နောက်ဆက်တွဲ ဖြိုခွင်းမှုတွေ လုပ်နေတာမှာ ဇူလိုင် ၂၇ ရက်က သတင်းမီဒီယာဌာနပေါင်း ၁၃၀ ကျော်ကို ချိတ်ပိတ်လိုက်ပါတယ်။

အများစုက သတင်းဌာနငယ်တွေဖြစ်ပေမယ့် သတင်းအေဂျင်စီကြီး ၃ ခု၊ ရုပ်သံလိုင်း ၁၆ လိုင်း၊ သတင်းစာ ၄၅ စောင်နဲ့ မဂ္ဂဇင်းစာစောင် ၁၅ ခုတို့လည်း ပါဝင်ပါတယ်။

သတင်းဌာနတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း အစိုးရပိုင် သတင်းဌာနမှာ ဖော်ပြခဲ့ပေမယ့် သတင်းဌာန နာမည်နဲ့တကွ ဖော်ပြတာတော့ မဟုတ်ပါဘူး။

အရင်ရက်တွေက သတင်းထောက် ၄၂ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဇူလိုင် ၂၇ ရက်မှာ နောက်ထပ် သတင်းထောက် ၄၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စစ်အာဏာသိမ်းဖို့ ကြိုးစားမှုမှာ အနည်းဆုံး လူ ၂၄၆ ဦး သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြတာမှာ အမေရိကန်ပြည်ထောင်စုမှာ တိမ်းရှောင်နေတဲ့ ဘာသာရေးခေါင်းဆောင်ကြီး ဂူလန်က နောက်ကွယ်က ပါဝင်တယ်လို့ အစိုးရက စွပ်စွဲပါတယ်။

တူရကီတပ်ဖွဲ့ဝင် ၁၇၀၀ လောက်လည်း ဖြုတ်ထုတ်ဖမ်းဆီးခံရတာမှာ ဗိုလ်ချုပ်အဆင့် ၁၄၉ ဦး ပါဝင်ပါတယ်။
===================    
251 / End