၂၅ ဩဂုတ် ၂၀၁၆ - ၁၅:၂၆
ယီမင် နိုင်ငံ အပေါ် ဆော်ဒီ နိုင်ငံ ၏ ရက်စက်စွာ ကျူးကျော် တိုက်ခိုက်နေမှု ဆက်လက်ဖြစ်ပွား

ဆော်ဒီအာရေဗျ ၏ တိုက်လေယာဉ်များ မှ ယီမင် နိုင်ငံ ၏ ဒေသများကို ကြာသပတေးနေ့ က ပြင်းထန်စွာ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဤတိုက်ဆိုက်မှုကြောင့် ယီမင် နိုင်ငံ မြို့သူ မြို့သား များ ရှဟီးဒ် ဖြစ်ခဲ့ပြီး ဒဏ်ရာ ရခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်မစီရာဟ် ရုပ်မြင်သံကြား သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ ဆော်ဒီ တိုက်လေယာဉ်များ အနေဖြင့် ယီမင်နိုင်ငံ ၏ အနောက်မြောက်ပိုင်းဒေသရှိ ဆအ်ဒေဟ်ပြည်နယ် ရှိ လူနေ နေရာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။ ဤတိုက်ခိုက်မှုကြောင့် ယီမင် နိုင်ငံ ၎င်းပြည်နယ်နေ မြို့ သား ၅ ဦးထက် မနည်း ရှဟီးဒ် ဖြစ်ခဲ့ပြီး အမြောက်အများ ဒဏ်ရာ ရခဲ့ပါတယ်။ ဆော်ဒီ အာရေဗျ၏ ရန်လို အငြိုးကြီး တိုက်လေယာဉ်များ အနေဖြင့် ဆအ်ဒေဟ်ပြည်နယ် ဆဟာရ် မြို့ ရှိ အဲဟ်မရ်တောင်ကို လည်း ပစ်မှတ်ထားပြီး လူမဆန်စွာ ရက်ရက်စက်စက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။

ဆော်ဒီ အာရေဗျ တိုက်လေယာဉ်များ အနေဖြင့် ဆန်အာ မြို့ ရှိ ယီမင် စစ်တပ် အခြေစိုက် စခန်း တစ်ခုနှင့် သအ်ဇ်ပြည်နယ်ရှိ ဟမ်ဒါန် ဒေသကိုလည်း ပစ်မှတ်ထား ဗုံး ကျဲ တိုက်ခိုက်ခဲ့ပါတယ်။ ဆော်ဒီ အာရေဗျ ၏ လူမဆန်သည့် ရက်စက်စွာကျူးကျော် နေသည့် တိုက်ခိုက်မှု များ ကို အဖြေပေးသည့်အနေဖြင့် ယီမင် တပ်မတော်နှင့် ယီမင်ပြည်သူ့ တပ်မတော် တို့မှလည်း ဆော်ဒီ အာရေဗျ ၏နယ်စပ်အထိ ရောက်လာပြီး နယ်စပ်ရှိ ဆော်ဒီ အခြေစိုက် စစ်စခန်းများ ပြန်လည် တိုက်ခိုက်ခဲ့ကြပါတယ်။

ယီမင် စစ်တပ်၏ သတင်းကြေညာချက်အရ မိမိတို့မြေအား မတရား ကျူးကျော်သူကို ကာကွယ်သည့် အနေဖြင့် နဂ်ျရန်ဒေသ ရှိ ဆော်ဒီ အာရေဗျ အခြေစိုက် စစ်စခန်း နှစ်ခု ကို ဒုံးကျည်များနှင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဝမ်းနည်းဖွယ် အမှန်တရားတစ်ခု မှာ မတရား ကျူးကျော် ခံနေရသည့် ယီမင်လက်ရှိ အစိုးရ နှင့် ပြည်သူများ ကို ဆော်ဒီ နှင့်မဟာမိတ်များ ၏ အသပြားစားမီဒီယာ များမှ ရှီအာသူပုန်ဟု စွပ်စွဲ ပုတ်ခတ် လမ်းကြောင်း လွဲပေးနေခြင်းဖြစ်ပါတယ်။

-----------------------------

251/End