ဖေက်ကေဂျအ်ဖရီ ( ရှီအာအေမာမ်မီယာ ဓမ္မသတ်အရ ) ရိုးရှင်းစွာ ဖော်ပြထားသည့် ဟဂ်ျဂျေသမာသ်သိုအ် ပြုနည်း မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ မက္ကာဟ်ရွှေမြို့တော် တွင် အဲဟ်ရာမ် ဝတ်ခြင်း
၂။ အရ်ဖာသ် တွင် ဆိုင်းငံ့ခြင်း
၃။ မရှ်အရ်ရွလ်ဟရာမ် (ခ) မွတ်ဇ်ဒလေဖဟ် တွင် ဆိုင်းငံ့ခြင်း
မီနာ တွင်ပြုရမည့် အရာများ
၎။ မီနာတွင် ရှိုင်တွန်ကြီး မှတ်တိုင် ကို ခဲ ၇ လုံး ဖြင့် ပေါက်ခြင်း
၅။ကုရ်ဘာနီ ပြုခြင်း
၆။ ခေါင်းရိတ်ကတုံးပြုခြင်း / သက်စီးရ် ပြုခြင်း
၇။ ဇေလ်ဟဂ်ျလ ၁၁ရက်နေ့ည နှင့်၁၂ရက်နေ့ည ကို မီနာတွင် ဆိုင်းငံ့နေခြင်း
၈။ဇေလ်ဟဂ်ျလ ၁၁ရက်နေ့ နှင့်၁၂ရက်နေ့ တွင် ရှိုင်တွန် ၃ကောင် စလုံး၏ မှတ်တိုင် ကို ခဲ ၇လုံး စီဖြင့်ပေါက်ခြင်း
မက္ကာဟ်မြို့တွင်ပြရမည့် အရာများ
၉။ မက္ကာဟ်မြို့ ရောက်ပြီး သွဝါဖ်ဖေဇေယာရသ် ပြုခြင်း
၁၀။နမာဇ်စေ သွဝါဖ် ဝတ်ပြုခြင်း
၁၁။ စဖွာတောင်နှင့်မရ်ဝါ တောင် ၏ အကြား စအီ ပြုခြင်း
၁၂။ သွဝါဖ်ဖေနေစာ ပြုခြင်း
၁၃။ နမာဇ်စေ သွဝါဖ်ဖေ နေစာ ဝတ်ပြုခြင်း
လက်တွေ့ပြုလုပ်သည့်နည်းအရ
ဇေလ်ဟဂ်ျလ ၈ ရက်နေ့
၁။မက္ကာဟ် ရွှေမြို့တော် အဟောင်းမှ ဟဲဟ်ရာမ် ဝတ်ရမည်ဖြစ်ပါတယ်။ နေ့အား ဖြင့် ဇေလ်ဟဂ်ျလ ၈ ရက်နေ့ ၊နေရာအားဖြင့် မစ္စ်ဂျစ်ဒေဟရာမ်အတွင်းရှိ မကာမ်မေအီဗရာဟီးမ် (အ.စ) (သို့) ဟဂ်ျရေအစ္စ်မာအီးလ်(အ.စ) နေရာသည် အမြင့်မြတ်ဆုံး ဖြစ်ပါတယ်။
၂။ထို့နေကိုမက္ကာဟ် ရွှေမြို့တော်မှ ထွက်ပြီး အရ်ဖာသ် ကွင်းပြင် ကို ရောက်ရန် သွားရပါမည်။
ဇေလ်ဟဂ်ျလ 9 ရက်နေ့
၁။ မွန်းတည့် ချိန်မှာ မဂ်ရိဗ် အချိန်အထိ အရ်ဖာသ် ကွင်းပြင်တွင် ဆိုင်းငံ့ပြီး နေရမည် ဖြစ်ပါတယ်။
၂။ဟဂ်ျအတွက် ဝါဂျစ်ဗ် မှာ အရ်ဖသ် ကွင်းပြင်မှာဆိုင်းငံ့ဖို့သာဖြစ်ပါတယ်။
ဇေလ်ဟဂ်ျလ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့ ကြားည
၁။ ညကို မရှ်အရ်ရွလ်ဟရာမ် (ခ) မွတ်ဇ်ဒလေဖဟ် သို့သွားပြီး နမာဇ်ဖဂျရ် အာဇန် အချိန်မှ နေထွက်ချိန်အထိ ဆိုင်းငံ့နေမည်ဖြစ်ပါတယ်။
၂။ အမျိုးသမီးများအားလုံး၊ အသက်ကြီး အဖိုးအိုများ နှင့် ရောဂါသည်များ အနေဖြင့် ညကို ဖဂျရ်အာဇန် မတိုင်ခင် အနည်းငယ် ဆိုင်းငံ့သည့် နီယသ်ပြုပြီး မရှ်အရ်ရွလ်ဟရာမ် (ခ) မွတ်ဇ်ဒလေဖဟ် မှ ထွက်၍ မီနာ သို့ သွားနိုင်ပါတယ်။
၃။ မရှ်အရ်ရွလ်ဟရာမ် (ခ) မွတ်ဇ်ဒလေဖဟ် တွင် ရှိုင်တွန် မှတ်တိုင်များကို ပေါက်ရန်ခဲများ ကို ကောက်ရမည် ဖြစ်ပါတယ်။
ဇေလ်ဟဂ်ျလ ၁၀ ရက်နေ့
နေထွက်ပြီးနောက် မီနာရောက်ပြီး အလုပ် ၃ ခု ကို ပြု လုပ်ရမည်ဖြစ်ပါတယ်။
ပထမအလုပ်
၁။ ရှိုင်တွန်ကြီး မှတ်တိုင် ကို ခဲ ၇ လုံး ဖြင့် ပေါက်ရမှာ ဖြစ်ပါတယ်။
၂။ယနေ့ ရှိုင်တွန် ၃ ကောင်စလုံး၏ မှတ်တိုင် ကို ပေါက်ရမှာ မဟုတ်ဘဲ ရှိုင်တွန်ကြီး ၏မှတ်တိုင် ကို သာ ပေါက်ရမှာ ဖြစ်ပါတယ်။
၃။ ဇေလ်ဟဂ်ျလ ၁၀ ရက်နေ့ ကိုမွန်းတည့်ပြီးနောက် အချိန် သည် အကောင်းဆုံး အချိန် ဖြစ်ပါတယ်။
ဒုတိယအလုပ်
၁။ကုရ်ဘာနီ ပြုရမှာ ဖြစ်ပါတယ်။
၂။ကုရ်ဘာနီ ကိုယ်တိုင်ပြုရန်အရေးမကြီးပါ။ တာဝန်ရှိစိတ်ချရသူတစ်ဦးကို မိမိကိုယ်စားလှယ်အဖြစ် ပြုလုပ်ခိုင်းလို့ ရပါတယ်။
တတိယအလုပ်
၁။ ခေါင်းရိတ်ကတုံးပြုခြင်း / သက်စီးရ် ပြုခြင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
၂။အမျိုးသမီးများအနေဖြင့် ဆံပင်မွှေး အနည်းငယ်ကို ဖြတ်ရမည်ဖြစ်ပါတယ်။ (သက်စီးရ်သာ လုပ်ရမည်ဖြစ်ပါတယ်။)
၃။ အရာ၎ခု မှ အပ အဲဟ်ရာမ် တွင် ရှောင်ကြဉ်ရမည့် အရာများ လွတ်မြောက်သွားပါတယ်။
အရာ၎ခုမှာ ၁။ မေထုံမီဝဲခြင်း ၂။ အမွေးအကြိုင် ၃။ အမဲလိုက်ခြင်း ၄။ ဟရာမ်နေရာမှ မြက် နုတ်ခြင်း ဖြစ်ပါတယ်။
ဇေလ်ဟဂ်ျလ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့ ကြားည
၁။ဤညကို မီနာတွင်ကုန်ဆုံးစေရမည်။
၂။ တစ်ညလုံးမီနာ တွင် ကုန်ဆုံးစေဖို့ အရေးမကြီးပါ။ ညတစ်ဝက် ကုန်ဆုံးစေဖို့ အရေး ကြီးပါတယ်။
ဇေလ်ဟဂ်ျလ ၁၀ ရက်နေ့
၁။ နံနက်နေထွက်ချိန်မှ စပြီး နေမဝင်ခင်အထိ မည်သည့်အချိန် မဆို အစီအစဉ်အလိုက် ရှိုင်တွန်မှတ်တိုင်များအား ပထမ အငယ် နောက် အလတ် နောက် အကြီးကို ခဲ ၇လုံး စီ ဖြင့် ပေါက်ရမည်။
၃။အကောင်းဆုံးခဲပေါက်သည့်အချိန်မှာ နံနက်နေထွက်ချိန်မှ စပြီး မွန်းမတည့်ခင် စဟိုရ် အာဇန်မတိုင်ခင် တစ်နာရီ အလို ထိ အချိန်ဖြစ်ပါတယ်။
ဇေလ်ဟဂ်ျလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့ ကြားည
၁။ဤညကို မီနာ တွင်ကုန်ဆုံးရမှာ ဖြစ်ပါတယ်။
၂။ တစ်ညလုံးမီနာ တွင် ကုန်ဆုံးစေဖို့ အရေးမကြီးပါ။ ညတစ်ဝက် ကုန်ဆုံးစေဖို့ အရေး ကြီးပါတယ်။
ဇေလ်ဟဂ်ျလ ၁၂ ရက်နေ့
၁။ အစီအစဉ်အလိုက် ရှိုင်တွန်မှတ်တိုင်များအား ပထမ အငယ် နောက် အလတ် နောက် အကြီး ကို ခဲ ၇လုံး စီ ဖြင့် ပေါက်ရမည်။
၂။ အကောင်းဆုံးခဲပေါက်သည့်အချိန်မှာ နံနက်နေထွက်ချိန်မှ စပြီး မွန်းမတည့်ခင် စဟိုရ် အာဇန်မတိုင်ခင် တစ်နာရီ အလို ထိ အချိန်ဖြစ်ပါတယ်။
၃။ဇဟိုရ်အာဇန် အချိန်အထိ မီနာ တွင် ဆိုင်းငံ့နေရန် အရေးကြီးပါတယ်။။ပြီးနောက် မီနာ ကနေ ထွက်ခွာ နိုင်ပါတယ်။
မက္ကာဟ်မြို့တွင်ပြုရမည်အလုပ်များ
မက္ကာဟ်ရွှေမြို့တော် သို့ ပြန်ရောက်ပြီး အောက်ဖော်ပြပါ အလုပ်များ ကို လုပ်ဆောင်ရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။
၁။ မက္ကာဟ်မြို့ ရောက်ပြီး သွဝါဖ်ဖေဇေယာရသ် ပြုခြင်း
၂။နမာဇ်စေ သွဝါဖ် ဝတ်ပြုခြင်း
၃။ စဖွာတောင်နှင့်မရ်ဝါ တောင် ၏ အကြား စအီ ပြုခြင်း
၎။ သွဝါဖ်ဖေနေစာ ပြုခြင်း
၅။ နမာဇ်စေ သွဝါဖ်ဖေ နေစာ ဝတ်ပြုခြင်း
သတိပြုရန်။ ။ စအီ ပြုပြီးနောက် သက်စီးရ် ပြု၍ မရပါ။
၂။စအီပြုပြီးခြင်း အမွှေးအကြိုင် ဟလာလ် ဖြစ်သွားပါတယ်။
၃။ သွဝါဖ်ဖေနေစာ ပြုပြီးနောက် မေထုံမီဝဲခွင့် ရှိပါတယ်။
၎။အမဲလိုက်ခြင်း ၊ဟရာမ်အတွင်း မြက်နုတ်ခြင်း ကတော့ ဟရာမ် ဖြစ်ပါတယ်။
====================
251/End