၉ ဇူလိုင် ၂၀၂၅ - ၁၄:၁၇
အဲဟ်မဒ် အရှ်ရှရအ် (ခ) အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ နှင့် နေတန်ယာဟုတို့သည် အိမ်ဖြူတော်တွင် တွေ့ဆုံနိုင်

စက်တင်ဘာလတွင် ကုလသမဂ္ဂအစည်းအဝေး မတိုင်မီ အကြမ်းဖက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နှင့် ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ၊ဆီးရီးယား ယာယီ သမ္မတ အဲဟ်မဒ် အရှ်ရှရအ် (ခ) အဘူ မိုဟမ္မဒ်အလ်ဂျောင်လာနီ တို့ကြား လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုး နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ ဆီးရီးယားနိုင်ငံတွင်း သတင်းရင်းမြစ်တစ်ခုအရ ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ၊ဆီးရီးယား ယာယီ သမ္မတ  အဲဟ်မဒ် အရှ်ရှရအ် (ခ) အဘူ မိုဟမ္မဒ်အလ်ဂျောင်လာနီ သည် လာမည့်စက်တင်ဘာလတွင် အမေရိကန်သို့ သွားရောက်လည်ပတ် မည် ဖြစ်ပြီး အိမ်ဖြူတော်တွင် အကြမ်းဖက် သမား အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြား ထားပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ ဆွေးနွေးပွဲသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ ကျင်းပမည်ဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ကြီးကြပ်မည့် လုံခြုံရေး သဘောတူညီချက် လက်မှတ် ရေးထိုးခြင်းလည်း ပါဝင်နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

အကြမ်းဖက် အစ္စရေး သိမ်းပိုက်ရေး အစိုးရသည် ဆီးရီးယားရှိ ဂိုလန်ကုန်းမြင့်များကို သိမ်းပိုက်ရုံသာမက ဆီးရီးယား တောင်ပိုင်းရှိ အခြားသော ဒေသများကိုလည်း ဆက်လက် သိမ်းပိုက်ထားကြောင်း  အဘူ မိုဟမ္မဒ် အလ် ဂျောင်လာနီ  နှင့် ၎င်း ၏ အဖွဲ့ သည်  လုံးဝ နှုတ်ဆိတ် နေကြကြောင်း သတိရသင့်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha