၈ စက်တင်ဘာ ၂၀၂၅ - ၀၈:၃၅
မဟာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ မွေးနေ့အခါသမယတွင် ပါကစ္စတန် နိုင်ငံ ဂျာမေအသိုလ်ကောင်စဲရ် ဘက်မှ ရေဘေးသင့် သူများကို ဝန်ဆောင်မှုပေးဆောင်

ပါကစ္စတန် အိုလမာ ၏ ကြိုးပမ်းအားထုတ်မှုမှာ ပြည်သူလူထု အား အစ္စလာမ် ဘာသာသည် အေဗါဒသ် များနှင့် ဓလေ့ ထုံ တမ်းများကို လုပ်ရန် အတွက် သာမဟုတ်ဘဲ အခက်အခဲကျရောက်ချိန် တွင် ညီအစ်ကို ပီသမှု ၊ စတေးမှု ၊ ကိုယ်ချင်းစာနှုတို့လည်းပါဝင်ကြောင်း ဤသည် အမှန်တကယ် အစ္စလာမ်၏ ဝိညာဥ် ပုံဖော်နေခြင်း ဖြစ်ကြောင်း သိစေရန် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ်များသည် သန့်ရှင်းသော တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မွေးဖွားခြင်း၏ ပျော်ရွှင်ဖွယ်ကောင်းချီးမင်္ဂလာများကို ဆင်နွှဲနေကြစဉ် ဂျာမေအသိုလ်ကောင်စဲရ် အစ္စလာမာဘတ် သည် ကိုယ်တော်မြတ်(ဆွ) ဘဝတည်ဆောက်မှုကို စံပြုပြီး လူသားမျိုးနွယ်အပေါ် အကျိုးပြုမှု နှင့် ပရဟိတလုပ်ငန်းများကို ဆောက်ရွက် ပေးလျက် ရှိပါတယ်။

ဂျာမေအသိုလ်ကောင်စဲလ် အစ္စလာမာဘတ် (ခ) ကောင်စဲရ်တက္ကသိုလ် မှ ဆရာများနှင့် ကျောင်းသားများသည် မိမိ တို့၏ ပညာရေးနှင့် သာသနာပြုတာဝန်များနှင့်အတူ ရေဘေးဒဏ်ခံခဲ့ရသော မွတ်စလင်မ် ညီအစ်ကိုများကို ဖြေသိမ့်ရန်နှင့် လက်တွေ့ကျသော အကူအညီများ ပေးဆောင်ရန် ၎င်းတို့၏ ဦးစားပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြပါတယ်။

အလာမဟ် အလီ နဂျဖီ နှင့် အလာမဟ် အန်သေဆွာရ် ဟိုင်ဒဲရ် ဂျအ်ဖရ်ရီ တို့၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် ဂျာမေအသိုလ်ကောင်စဲလ် အစ္စလာမာဘတ် (ခ) ကောင်စဲရ်တက္ကသိုလ် ၏ ဆရာများနှင့် ပညာရှင်တို့သည် ထိခိုက်ခံစားရသော မိုအ်မင်များ အကြောင်းသိရှိရန်နှင့် ၎င်းတို့၏လိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက် ချင်းနီယုတ်မြို့ နှင့် ၎င်း၏ဆင်ခြေဖုံးများ တွင် နေ့ရောညပါ ကူညီ မှုများလုပ်ဆောင်နေကြပါတယ်။

ဤဝန်ဆောင်မှုတွင် ဒုက္ခသည်များအတွက် အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြား အခြေခံ အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခြင်း ပါဝင်ပါတယ်။

ပါကစ္စတန် အိုလမာ ၏ ကြိုးပမ်းအားထုတ်မှုမှာ ပြည်သူလူထု အား အစ္စလာမ် ဘာသာသည် အေဗါဒသ် များနှင့် ဓလေ့ ထုံ တမ်းများကို လုပ်ရန် အတွက် သာမဟုတ်ဘဲ အခက်အခဲကျရောက်ချိန် တွင် ညီအစ်ကို ပီသမှု ၊ စတေးမှု ၊ ကိုယ်ချင်းစာနှုတို့လည်းပါဝင်ကြောင်း ဤသည် အမှန်တကယ် အစ္စလာမ်၏ ဝိညာဥ်  ပုံဖော်နေခြင်း ဖြစ်ကြောင်း သိစေရန် ဖြစ်ပါတယ်။

ရေဘေးဒုက္ခသည်များကို ကုညီ ဝန်ဆောင်မှု ပေးခြင်းသည် သာသနာ့ ပညာရှင်တို့၏ လက်တွေ့ကျသော ပူးပေါင်း ပါဝင်မှုသည် အဖိနှိပ်ခံနှင့် ချို့တဲ့နွမ်းပါးသော လူတန်းစားအတွက် အားပေးရုံသာမက ဟောင်ဇဟ်အေလ်မေဟ်   ၏ ဆရာများ တပည့်များ သည် တိုင်းပြည်၏ ဆင်းရဲဒုက္ခ၏ ရှေ့တန်းတွင် အမြဲရှိနေကြောင်း ပြသနေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha