၁၅ စက်တင်ဘာ ၂၀၂၅ - ၁၁:၀၄
နှုတ်ကြမ်းမှု နှင့် ဂျဟန္နမ် ငရဲဘုံ

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် နှုတ်ကြမ်းမှု နှင့် ဂျဟန္နမ် ငရဲဘုံ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွတ်စ်သဒရကိုလ်ဝစာအေလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

                                                                                                                                                                               

قال رسول اللہ صلی اللہ علیه وآله وسلم :

أَرْبَعَةٌ یَزِیدُ عَذَابُهُمْ عَلَی عَذَابِ أَهْلِ النَّارِ … وَرَجُلٌ یَسْتَلِذُّ الرَّفَثَ وَالْفُحْشَ فَیَسِیلُ مِنْ فِیهِ قَیْحٌ وَدَمٌ.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« လူလေးယောက်တို့သည် ဂျဟန္နမ် ငရဲဘုံ ၏ ပြစ်ဒဏ်ကို တိုးစေ၏။ ၎င်းတို့အနက် တစ်ခုမှာ ရိုင်းစိုင်းသော ဘာသာစကားကို အသုံးပြု၍ အပျော်အပါးကို ရှာဖွေသူဖြစ်ပါသည်။  ဂျဟန္နမ် ငရဲဘုံ၌ သူ၏ ပါးစပ်မှ ပြည်ပုတ် နှင့် သွေးများ စီးကျနေမည်ဖြစ်ပါသည်။»

ကျမ်းကိုး ။ ။ မွတ်စ်သဒရကိုလ်ဝစာအေလ် ကျမ်း ၊ အတွဲ ၁၂  ၊ စာမျက်နှာ ၈၂

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် နှုတ်ကို မည်မျှ ထိန်းသိမ်း ရမည် ဖြစ်ပါ တယ်။ နှုတ်ကြမ်းခြင်းတွင် ဆဲဆိုမှု သည် လည်း ပါဝင်ပါတယ်။ စကားစကားတွင် အဆဲပါသူများ အထူး သတိပြု ရမည် ဖြစ်ပါတယ်။ ပြီးနောက် မိမိ မည်မျှပင် မကျေနပ် နေသည် ဖြစ်ပါစေ မဆဲ မိစေရန် အထူးသတိပြု ရမည် ဖြစ်ပါတယ်။ အထူးသဖြင့် မောင်လာအလီ (အ.စ) ၏ နောက်လိုက်များအနေဖြင့် ဆဲဆို ခြင်းကို ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။ အကြောင်းသည်ကား မီဇာန်းနိုလ်ဟေက်မ်ကျမ်း တွင် ဟဇရသ် အေမာမ် အလီ (علیه السّلام ) မိန့်တော် မူထားသည်မှာ " ငတုံးငအ တကာ ငတုံးငအဆုံးလူဆိုသည်မှာ မိမိ ၏ ကြမ်းတမ်း သည့်စကား (ဆဲသည့်စကား၊ အောက်တန်းကျသည့်စကား ) အပေါ် ဂုဏ် ယူသူ ဖြစ်ပါသည်။ "

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha