၁၀ အောက်တိုဘာ ၂၀၂၅ - ၁၂:၄၀
ပါလက်စတိုင်းတို့၏  ကြံ့ကြံ့ခံ ခုခံမှု သည် အရောင် ထွက်လာ ပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး စတင်

ဂါဇာတွင် နှစ်နှစ်ကြာ စစ်ပွဲအပြီးတွင် တရားဝင် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ခဲ့ပြီး ပါလက်စတိုင်း တော်လှန်ရေး ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အဆိုအရ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် တရားဝင် အသက် ဝင်သွား ပြီဖြစ်ပါတယ်။ ယင်းနှင့်ပတ်သက်၍ အစ္စရေးစစ်တပ် ရေဒီယိုက ဂါဇာကမ်းမြောင်ဒေသတွင် အပစ် အခတ် ရပ်စဲရေး စတင်ကြောင်း အတည်ပြုခဲ့ပါတယ်။

ထိုအတောအတွင်း ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားမှုကို တုံ့ပြန်သည့် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျေဟာဒ် လှုပ်ရှားမှုအဖွဲ့က အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ သဘော တူညီချက် သည် မည်သူ့ကိုမျှ ပေးသည့်လက်ဆောင်မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

အာရပ် နှင့် နိုင်ငံတကာ ကြိုးပမ်းမှုများကို ကျွန်ုပ်တို့ လျစ်လျူမရှုဘဲ ပါလက်စတိုင်းပြည်သူများ၏ ကြီးမားသော စွန့်လွှတ် အနစ်နာခံမှုနှင့် ရန်သူကို ပြတ်ပြတ်သားသား တိုက်ခိုက်ခဲ့ပြီး စစ်ပွဲတွင် မယှဉ်နိုင်သော ရဲစွမ်းသတ္တိကို ပြသခဲ့ သည့် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများ၏ ရဲစွမ်းသတ္တိကို အလေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါတယ်။

ပါလက်စတိုင်း တို့၏ စတေးခံမှုများ အနစ်နာခံမှုများကြောင့်သာ မဟုတ်ပါက ယနေ့ စေ့စပ်ညှိနှိုင်းရေး စားပွဲ၌ အင်အားကြီးပါတီအဖြစ် ခုခံနိုင်မည်မဟုတ်ကြောင်းလည်း ထုတ်ပြန် ချက်တွင် ပါဝင်ပါတယ်။

အဗ်နာသတင်းဌာန ၏ သုံးသပ်ချက် အရ ပါလက်စတိုင်း နှင့် အကြမ်းဖက် အစ္စ‌ရေး တို့ အကြား အပစ် အခတ်ရပ်စဲ ရေး သဘောတူညီ ချက်ကို အထူး ကြိုဆိုပြီး ဝမ်းသာပီတိ ဖြစ်ပေမဲ့ အကြမ်းဖက် အစ္စရေး တို့၏ ကတိမတည်မှုကိုလည်း စိုးရိမ် မိပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha