၂၅ အောက်တိုဘာ ၂၀၂၅ - ၂၁:၄၃
ပါလက်စတိုင်းလူမျိုးများ ဆိုလျင် ယုတ်စွ ကလေးများ ဖြစ်နေပါစေ ပစ်သတ်ပါလေ / ဘင်ဂေါ်ဗာ

အစ္စရေးအစိုးရ၏ ပြည်တွင်းလုံခြုံရေးဝန်ကြီး အီသမာ ဘင်ဂေါ်ဗာ သည် ဂါဇာအဝါရောင်ဒေသရှိ ပါလက်စတိုင်း ကလေးများ ကိုလည်းပဲ ပစ်ခသတ်ရန် အမိန့်ပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာ အရ ဂါဇာအဝါရောင်ဇုန်ရှိ သက်ကြီးရွယ်အိုပါလက်စတိုင်းများကိုသာ ပစ်ခတ်မှု ကန့်သတ် ရန် အစ္စရေးအစိုးရအဖွဲ့အစည်းအဝေးကို ဘင်ဂေါ်ဗာ က ကန့်ကွက်ခဲ့ကြောင်း ဇိုင်ယွန် အစိုးရ ရုပ်မြင် သံကြား က ယနေ့ဖော်ပြခဲ့ပါတယ်။

ဂါဇာအဝါရောင်ဇုန်ရှိ အသက်ကြီးပါလက်စတိုင်းလူမျိုးများအတွက်သာ ပစ်ခတ်မှုကို အဘယ်ကြောင့် ကန့်သတ်ထား သနည်း? မြည်းများဖြင့်ဖြတ်သွားသော ပါလက်စတိုင်းကလေးများကိုလည်း အဘယ်ကြောင့် မပစ် ရသနည်း? ဟု ဘင်ဂေါ်ဗာ က ပြောကြားခဲ့ပါတယ်။

အစည်းအဝေးတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ယစ်‌စ်ရာ‌အဲလ် ကက်ဇ် ကလည်း “ဤဒေသအနီး တွင်ရှိနေ သူတိုင်း ပစ်ခတ် နိုင်ကြောင်း သိရှိထားသင့်သည်” ဟု ပြောကြားခဲ့ပါတယ်။

ဇိုင်ယွန်ဝါဒီ စစ်ဝန်ကြီး၏ ဤဖော်ပြချက်ကို ဘင်ဂေါ်ဗာ ၏ စကားများကို ထောက်ခံခြင်းအဖြစ် လူအများက အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

အစ္စရေးအစိုးရ၏ ပြည်တွင်းလုံခြုံရေးဝန်ကြီး အီသမာ ဘင်ဂေါ်ဗာ နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး ယစ်‌စ် ရာ‌အဲလ် ကက်ဇ် တို့ ၏ စကားကို ကြည့်၍ မည်မျှ အကြင်နာ မဲ့သသည့်သူများ နှင့် အစွန်းရောက်များ  ဖြစ်ကြောင်း သိနိုင်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha