ကရာချီမြို့ ၏ အိုရန်ဂီတောင်း မန်ဆောနာဂါအရပ် တွင် ရှီအဟ်လူငယ် တစ်ဦး သေနတ်နှင့် ပစ်သတ်ခံရ၍ ရှဟီးဒ် ဖြစ်
                        ၃၀ အောက်တိုဘာ ၂၀၂၅ - ၂၂:၁၈
                    
                    
                            News ID: 1744814
                        
                     
            shia news alerts ၏ အစီရင်ခံစာ အရ ပါကစ္စတန် နိုင်ငံ ကရာချီမြို့ ၏ အိုရန်ဂီတောင်း မန်ဆောနာဂါအရပ် တွင် အာဒဒလ် ဟိုစိုင်းန် အမည် ရှိ ရှီအဟ်လူငယ် တစ်ဦးသည် သေနတ်နှင့် ပစ်သတ်ခံရ၍ ရှဟီးဒ် ဖြစ် ခဲ့ကြောင်း သိရှိရပါတယ်။ အထက်တရားရုံးရှေ့နေ ရရှစ်ဒ် ရဇဝီ ၏ အဆိုအရ သေနတ်နဲ့ပစ်သူ လူသတ်သမား မှာ တရားမဝင် အဖွဲ့ စေပါဟ်ဟေဆွဟာဗဟ် ၏ အဖွဲ့ဝင် ဖြစ်ကြောင်း သိရပါတယ်။ တရားမဝင် အဖွဲ့ စေပါဟ်ဟေဆွဟာဗဟ် ဆိုသည်မှာ ဆွဟာဗဟ်များ ကိုအကြောင်းပြ၍ ရှီအဟ် မုန်းတီးရေး ၊သတ်ဖြတ်ရေး လုပ်နေသည့် နာစေဘီ အကြမ်းဖက် အဖွဲ့ ဖြစ်ပါတယ်။
 
             
                                         
                                         
                                         
                                        
Your Comment