အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သဖ်စီးရ် အေမာမ် ဟစန်အက္စ်ကရီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါ တယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ ပါတယ်။
قالَ رَجُلٌ لاِءمرَأتِهِ: إذهَبى إلى فاطِمَةَ عليهاالسلام فَاسْأَليها أنّى مِن شيعَتِكُم؟ ... فَقالَت عليهاالسلام: قُولى لهُ: اِنْ كُنْتَ تَعْمَلُ بِما اَمَرْناكَ وَتَنْتَهى عَمّا زَجَرْناكَ عَنْهُ فَأَنْتَ مِنْ شيعَتِنا وَاِلاّ فَلا...
« အမျိုးသားတစ်ဦးက မိမိ ၏ဇနီးအား ပြောလေ၏။ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) သခင်မကြီး ထံ သွားပြီး ကျွန်ုပ်သည် အဲဟ်လေ့ဘိုက်(အ.စ) ၏ ရှီအဟ် တစ်ဦးဖြစ်ပါသလား? ဟု မေးမြန်းရန် ပြောကြားလေ၏။ အမျိုး သမီးက လာပြီး မေးမြန်းခဲ့ပါတယ်။ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) သခင်မကြီး က သင့်ဇနီးအား ပြောပါ။ ငါတို့ မိန့်မှာထားသည့် အတိုင်း လုပ်ဆောင်ပြီး ငါတို့ တားမြစ်ထားသည့် အရာကို ရှောင်ကြဉ်မယ်ဆိုရင် သင်ဟာ ရှီအဟ် တစ်ဦး ဖြစ်လာမှာဖြစ်ပြီး မဟုတ်ရင် သင်ဟာ ရှီအဟ် တစ်ဦး မဖြစ်နိုင်ပါဘူး ဟု ပြန်လည် ဖြေကြား ခဲ့သည်။ »
ကျမ်းကိုး ။ ။ သဖ်စီးရ် အေမာမ် ဟစန်အက္စ်ကရီ (အလိုင်ဟစ်စလာမ်)
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် စစ်မှန်သည့် ရှီအဟ် ဖြစ်လိုလျင် မအ်စူမ် ၁၄ ပါး (အ.စ) လုပ်ဆောင်ရန် မိန့်ထားသည့် အရာများကို လုပ်ဆောင်ပြီး တားမြစ် ထား သည့် အရာများ ကို ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် အယာန်းမေ ဖွာတွေမီယဟ် တွင် မဂျ်လစ် များ ၌ သခင်မကြီး(စ.အ) ၏ မိန့် မှာချက်များ ၊ တားမြစ်ချက်များကို အလေးပေးဟောကြားပေးရန် တရားဟော အာလင်မ် အမျိုးသား၊ အမျိုးသမီးများကို မေတ္တာ ရပ်ခံ ရမည် ဖြစ်ပါတယ်။ ပြီးနောက် မိမိ တို့ ဘဝတွင် လက်တွေ့ တည်ဆောက်ရမည်ဖြစ်ပါတယ်။
****************************************************************
END / 251
            
            
                                        
                                        
                                        
                                        
Your Comment