အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းဌာန ၏ အစီရင်ခံစာ အရ ပါကစ္စတန်စစ်တပ်၏ Inter-Services Public Relations (ISPR) က ဗလူချီစတန် ရှိ ကလာသ် ဒေသတွင် အကြမ်းဖက်သမားများကို ထောက်လှမ်းရေးအခြေခံ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
ရရှိထားသော အစီရင်ခံစာအရ လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံခြားနှင့် ဆက်နွယ်သော အကြမ်းဖက်သမားများ၏ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမား အနည်းဆုံး လေးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပါကစ္စတန်စစ်တပ်၏ Inter-Services Public Relations (ISPR) က အကြမ်းဖက်သမားများထံမှ လက်နက်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံရှိ ဗလူချီစတန် နှင့် ခိုင်ဗရ် ဗက်ခ်သူန်ခွာ ပြည်နယ်များသည် အကြမ်းဖက်သမားများ၏ ခိုလှုံရာ နေရာ တစ်ခုဖြစ်ပြီး အချိန်ကြာမြင့် စွာ ရှိနေခဲ့ကြောင်း ဖော်ပြသင့်ပါတယ်။ ပါကစ္စတန်စစ်တပ်က ဤ ပြည်နယ် နှစ်ခုရှိ အကြမ်းဖက်သမားများသည် ပြည်ပမှ ထောက်ပံ့မှုများ ရရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment