အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမီးန် ဆိုသည်မှာ တမန်တော်မြတ်(ဆွ) ဘေအ်စသ် (တမန်တော်မြတ်(ဆွ) ၏ တာဝန်ကို အတိအလင်းစတင် ထမ်းဆောင်ခြင်း) မတိုင်မီ နှစ်အချို့ အရင် ကပင် ဤအမည် ဖြင့် ခေါ်ဝေါ်ခဲ့သော အစ္စလာမ့်တမန်တော်မြတ် (ဆွ) ၏ ဘွဲ့တော် များမှ တစ်ခုဖြစ်ပါတယ်။ အမီးန် ဆိုသူမှာ ယုံကြည် စိတ်ချ ရသူတစ်ဦး အားခေါ်ဆိုပြီး မိမိ အပေါ် ယုံကြည်သူများ အား သစ္စာဖောက်ခြင်းမှ ကင်း ဝေးသူကို ခေါ် ဆိုပါ သည်။ အမီးန် ဟုခေါ်ဝေါ်စေသော အလ္လာဟ် အရှင်မြတ် ၏ ရစူလ်တမန်တော်(ဆွ) ၏ ဝိသေသ လက္ခဏာ များထဲမှ တစ်ခုမှာ စိတ်ချယုံကြည်ထိုက်သူ ဖြစ်ပါ တယ်။ အေမာမ်များ (အ.စ) ၏ဟဒီးစ်တော် များတွင် တမန်တော်မြတ်(ဆွ)သည် အမီးန် ဖြစ်ကြောင်းကို အလေး ပေးမိန့်ကြားထား ပြီး အချို့သော ဇေရယာသ်များ တွင်လည်း «السَّلَامُ عَلَى أَمِينِ اللَّهِ عَلَى رُسُلِه» ဟူသော အသုံး အနှုန်း ဖြင့် စလာမ် ဆက်သ ထား ပါတယ်။
ဆိုလိုသည့် အဓိပ္ပာယ် နှင့် တည်နေရာအဆင့်အတန်းကိုလေ့လာကြည့်မည်ဆိုလျင်
အမီးန်သည် တမန်တော်မြတ်(ဆွ)၏ သာသနာပြုခြင်းမပြုမီ နှစ်ပေါင်းများစွာကပင် ထိုအမည်ဖြင့် ခေါ်ဆိုခဲ့ ပြီး ကိုယ်တော်၏ ဘွဲ့တော် များထဲမှ တစ်ခုဖြစ်ပါတယ်။ အမီးန် ခေါ်ဆိုခြင်းခံရ သူမှာ ယုံကြည် စိတ်ချရ သူတစ်ဦး အားခေါ် ဆိုပြီး မိမိအပေါ် ယုံကြည်သူများအား သစ္စာဖောက်ခြင်းမှ ကင်း ဝေးသူကို ခေါ် ဆိုပါ တယ်။ တတိယ ရာစု၏ သမိုင်းပညာရှင် အစ်ဗ်နေ စအ်ဒ် က ၎င်း၏ စာအုပ် အလ်သွဗကာသ်သိုလ်ကိုဗ်ရာ တွင် “နဗီတမန်တော် (ဆွ) ၏ အရည်အချင်းကောင်းများ ပြည့်စုံသည် ဖြစ်၍ မက္ကဟ်(မက္ကာ) မြို့ တွင် ကိုယ်တော်မြတ် (ဆွ) အား အမီးန် ဆို သည့် အမည်မှ လွဲ၍ အခြား အမည် ဖြင့် မခေါ်ဆိုကြကြောင်း “ ရေးသား ထားပါ တယ်။ သာရီးခ် သွဗရီ (ဟီဂျရီ သက္ကရာဇ် ၃၀၃ တွင်ရေး တွင်ရေးသားခဲ့သည်) အစီရင်ခံစာအရ ကိုရိုင်းရှ် လူမျိုးများသည် တမန်တော်မြတ် (ဆွ) အားကိုယ်တော်အပေါ် ဝဟီမကျမည် အရင် ကပင် အမီးန် ဆိုသည့် အမည်ဖြင့် ခေါ်ဝေါ်ခဲ့ကြပါတယ်။
အစ်ဗ်အဘာစ် ထံ မှ ရီဝါယသ်တော် လာရှိသည်မှာ မွတ်ရှ်ရေကန် နေကိုရိုင်းရှ် တို့သည် တမန်မြတ်(ဆွ) အား အမီးန် ဟု ခေါ်ဆို ခဲ့ကြပြီး ကိုယ်တော်မြတ် (ဆွ)သည် မည်သည့် အခါ မျှ မုသားဆိုမည့်သူမဟုတ်သည် ကို သိကြလျက် ကိုယ်တော်မြတ် အား ငြင်းဆန်ခဲ့ကြ ကြောင်း ဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွ) ၏ ရန်သူများ သည် လည်း တမန်တော်မြတ် (ဆွ) အား ယုံကြည်ထိုက်သူဖြစ်ကြောင်း အသိအမှတ်ပြုကြပြီး၊ ဤ ကိစ္စရပ်နှင့် ပတ်သက် ပြီး အဘူဂျဟ်လ် ၏ ဝန်ခံခြင်းဆိုင်ရာ ဖြစ်ရပ်မှန် များကို သမိုင်းတွင် ဖော်ပြထား ပါတယ်။ ဤအစီရင် ခံစာများတွင် တမန်တော်မြတ်(ဆွ) အား ငြင်းပယ်ရခြင်း အကြောင်းရင်းမှာ တမန်တော် မြတ်(ဆွ)၏ မိန့်မှာ ချက်များ ကို မယုံကြည်သောကြောင့် မဟုတ်ဘဲ မိသားစုနှင့် လူမျိုးစု ပြိုင်ဆိုင်မှုများ ကြောင့် တမန် တော်မြတ် (ဆွ) ၏ တမန်တော်ဖြစ်ခြင်း ကို ငြင်းပယ်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
မိုဟမ္မဒ် အမီးန် နှင့် အမီးန် တို့သည် မွတ်စ်လင်မ်များ ၏ သားသမီးများကို ပေးသော အမည်များဖြစ်ပါတယ်။ အီရန် သက္ကရာဇ် ၁၂၉၇ ခုနှစ် နှင့် ၁၃၈၀ အကြား ၊ ခရစ်သက္ကရာဇ် အားဖြင့် ၁၉၁၈ခုနှစ် မှ ၂၀၀၁ခုနှစ် အကြား အီရန် လူမျိုးများ၏ ထိပ်တန်းအမည် ၁၀၀ စာရင်းတွင် အမီးန် သည် ပါဝင် ခဲ့ပါတယ်။
လူထု အပေါ် အလွဲသုံးစား မလုပ်သူ
အမီးန် ဟု ခေါ်ဝေါ်စေသော တမန်တော်မြတ်(ဆွ)၏ ဝိသေသလက္ခဏာများထဲမှတစ်ခုမှာ ယုံကြည်ထိုက်သူ ၊ အလွဲ သုံးစား မလုပ်သူ ဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွ) ၏ ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ အစီရင် ခံစာ အများ အပြားကို သမိုင်းရင်းမြစ်များတွင် ကိုးကားထားပါတယ်။ ထို့အပြင် တမန်တော်မြတ်(ဆွ)သည် ဟဇရသ် ခဒီဂျဟ် (စ.အ)၏ ရင်းနှီးမြုပ်နှံ မှု ဖြင့် ကုန်အရောင်းအဝယ် လုပ်ခဲ့ပါတယ်။ စီးပွားရေးခရီး မှ အောင်မြင်စွာ ပြန်လာပြီးနောက် ဟဇရသ် ခတီဂျဟ် (စ.အ) သခင်မကြီး မှ “ အို ကျမ ဦးရီးတော် ၏သားတော် အသင်၏ မျိုးနွယ် မြင့်မြတ်မှု ၊ မှန်ကန်စွာ ပြောဆို မှု၊ နှစ်သက်ဖွယ် ကိုယ်ကျင့် တရားရှိ မှု နှင့် အလွဲသုံးစား မပြုမှု တို့ကြောင့် လူထု နှင့် မိမိ လူမျိုး များ အကြားတွင် အသင်နှင့်ပတ်သက် ပြီး ဂုဏ်ယူ ကြောင်း “ ပြော ကြား ခဲ့ပါတယ်။ ထိုနောက် ဟဇရတ် ခတီဂျဟ် (စ.အ) သခင်မကြီးသည် တမန်တော်မြတ်(ဆွ) ထံ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
ထို့ပြင် လူတို့သည် မိမိတို့၏ အမာနသ် များ ကို တမန်တော်မြတ်(ဆွ) ထံ အပ်နှံခဲ့ ကြပါသည်။ တမန်တော်မြတ် (ဆွ)သည် မဒီနာမြို့သို့ ဟစ်ဂျရသ်ပြုရန် ( ပြောင်း ရွေ့ရန် ) ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးနောက် အေမာမ် အလီ (အ.စ) ထံ အမိန့်ပေးတော်မူ သည်မှာ မက္ကဟ် (မက္ကာ) မြို့ မှ မဒီနာမြို့ သို့ မိမိ ကြွမြန်း သွား သည့်အခါတွင် မိမိ ထားရစ်ခဲ့ သည့် အမာနသ် များ ကို ပိုင်ရှင်များ ထံ ပြန်လည်ပေးအပ်ရန်ဖြစ်ပါတယ်။ ထိုနည်းတူစွာ ခိုင်ဘဲရ် စစ်ပွဲ ကာလတွင် မွတ်စလင်မ် များ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ကိုယ်တော်မြတ်(ဆွ) အမီးန် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ထိုအချိန်၌ ရဟူဒီ (ခ) ဂျူးများ ၏ သိုးများ ကိုထိန်းကျောင်း နေသည့် သိုးကျောင်းသား တစ်ဦးသည် တမန်တော်မြတ်ထံသို့ ချဉ်းကပ်၍ ကိုယ်တော် နှင့် အတူ စကားပြောဆိုပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်း ခဲ့ပါသည်။ ၎င်းအနေဖြင့် တမန်မြတ် (ဆွ) အား ဂျူးတို့သည်ကျနော် ထံ မိမိ တို့၏ သိုးများ ကို အမာနသ် (ယုံကြည်၍ အပ်နှံထားသည့်အရာ) အဖြစ် အပ်ထားပါတယ်။ အခုကျနော် မွတ်စလင်မ် ဖြစ်သွားပါပြီး။ ဒါကြောင့် ကျနော် တာဝန် သည် မည်ကဲ့သို့ လာရှိပါသနည်း? ဟု မေးမြန်းလျှောက်ထား လေသည်။ မွတ်စ်လင်မ်များ အစားအစာ လိုအပ်နေသော်လည်း တမန်တော်မြတ် (ဆွ) မှ သိုးထိန်းအား ဂျူးများလက်သို့ သိုးများ ကို ပြန်လည် လွဲအပ်ရန် အဖြေပေး မိန့်ကြား ခဲ့ပါတယ်။
ဝဟီအတွက်အမီးန် ဖြစ်သူ
တမန်တော်မြတ်(ဆွ)၏ တမန်တော်မြတ် (ဆွ)ဖြစ်ရခြင်းမှာ အမီးန်(အလွဲသုံးစားမလုပ်သူ) ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်းပြနေပါသည်။ အကြောင်းမှာ တမန်တော်ဖြစ်ခြင်းသည် အလ္လာဟ်ဟို အရှင်မြတ် ၏ ယုံကြည် ကိုးစားမှု ၊အလွဲသုံးစား မလုပ်မှု ကို ပေးအပ် ခြင်းခံရသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ အေမာမ် အလီ (အ.စ) ထံ မှ ရီဝါယသ်တော် လာရှိပါသည်။ “ အလ္လာဟ် ဟို အရှင်မြတ် သည် တမန်တော် မိုဟမ္မဒ် (ဆွ) အား စကြာဝဠာ အပေါင်း ကို သတိပေးရန် နှင့် ဝဟီ အတွက်အမီးန် အဖြစ် စေလွတ်တော် မူခဲ့ခြင်း ဖြစ်ပါ သည်။ “ သဖ်စီးရ် ကွမ်းမီ ကျမ်းတွင် مُطَاعٍ ثَمَّ أَمِينٍ ဆိုသည့် အာယသ်တော် လာ "အမီးန်" ဟူသော စကားလုံးကို တမန်တော်မြတ် (ဆွ) ၏ အမာနသ် အဖြစ် သဖ်စီးရ် ပြုထားပါတယ်။
ဤအာယသ်တော် နှင့်ပတ်သက်ပြီး အေမာမ် ဂျအ်ဖရ်ဆွာ ဒစ်က် (အ.စ) ထံ မေးမြန်း လျှောက်ထားသည့် အခါ “ ကိုယ်တော်၏ အမိန့်သည် တရားဝင် ပြဋ္ဌာန်းပြီး ဖြစ်ပြီး ကေယာမသ် နေ့တွင် ကိုယ်တော်သည် အမီးန် ဖြစ်သည် “ ဟု မိန့်ကြား တော်မူခဲ့ ပါတယ်။ ထို့ပြင် အချို့သော ဇေယာရသ် စာအုပ်များတွင် အေမာမ် များ (အ.စ) ထံ မှ ရီဝါယသ်တော် များလာရှိသည်မှာ ရစူလ်တမန်တော် (ဆွ) အား «أَمِينِ اللَّهِ عَلَى رُسُلِه» ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြထား ခြင်းဖြစ်ပါ တယ်။
တမန်တော်မြတ် (ဆွ) ၏ ဦးရီးတော် ဖြစ်သူ ဟဇရသ် အဘူသွာလစ်ဗ် (အ.စ) သည် လည်း တမန်တော်မြတ် (ဆွ) အား အလ္လာဟ်၏အမီးန် အဖြစ် ကဗျာ တစ်ပုဒ်တွင် ခေါ်ဆိုထားပါတယ်။
အရဘီ စားသားမှာ -
ٲنْتَ الأَمِينُ ٲَمِينُ اللهِ لَاكَذِبُ وَالصَّادِقُ الْقَوْلِ لَالَهْوٌ و َلا لَعِبُ
ဖြစ်ပါတယ်။
အဓိပ္ပာယ်မှာ သင်သည် စိတ်ချယုံကြည်ထိုက်သူဖြစ်ပါသည်။ သင်သည် မည်သည့် အခါမျှ မုသား မဆိုသည့် အလ္လာဟ်၏ အမီးန် ဖြစ်ပါတယ်။ ထိုပြင်သင်သည် အမုန်ပြောဆိုသူ ဖြစ်ပါသည်။ မည်သည့်အခါမျှ စိတ်အလို ဆန္ဒနောက်လိုက်ခဲ့သူမဟုတ်သလို အဓိပ္ပါယ်ကင်းမဲ့ သည့် စကားများကို ဆိုခဲ့သူလည်း မဟုတ်သူ ဖြစ်ပါ တယ်။
ကျမ်းကိုးများ
- نهج البلاغه، تحقیق صبحی صالح، قم، هجرت، ۱۴۱۴ق.
- ابنسعد، محمد، الطبقات الکبری، بیروت، دارصادر، بیتا.
- ابنشهرآشوب، محمد بن علی، مناقب آل ابیطالب(ع)، قم، علامه، ۱۳۷۹ق.
- ابنقولویه، جعفر بن محمد، کامل الزیارات، نجف اشرف، دارالمرتضویه، ۱۳۵۶ش.
- ابنهشام، عبدالملک بن ایوب، السیره النبویه، بیروت، دارالمعرفه، بیتا.
- دهخدا، علیاکبر، لغتنامه دخدا، تهران، دانشگاه تهران، ۱۳۷۷ش.
- زمخشری، محمود، الکشاف عن حقائق غوامض التنزیل، بیروت، دارالکتب العربی، ۱۴۰۷ق.
- شیخ مفید، محمد بن محمد، الارشاد فی معرفة حجج الله علی العباد، قم، کنگره شیخ مفید، ۱۴۱۳ق.
- طبری، محمد بن جریر، تاریخ طبری، بیروت، دارالتراث، ۱۳۸۷ق.
- فرجاللهی، فرجالله، «امانتداری پیامبر(ص) رحمت»، در مجله درسهایی از مکتب اسلام، شماره۶۷۳، خرداد ۱۳۹۶ش.
- «گزارشی جالب از یکصد نام برتر ایرانیان در قرن حاضر»، پایگاه کشوری فون واژه، بازدید ۲۸ آبان ۱۴۰۲ش.
- قمی، علی بن ابراهیم، تفسیر القمی، قم، دارالکتاب، ۱۳۶۷ش.
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment