၂၀ နိုဝင်ဘာ ၂၀၂၅ - ၁၄:၀၂
ကရာချီတွင် ရှီအဟ်များကို ပစ်မှတ်ထားသတ်ဖြတ်မှုများ ပြုလုပ်နေသည့် အကြမ်းဖက် သမားလေးဦးကို ဖမ်းဆီး

ပါကစ္စတန်၏ အကြမ်းဖက်မှုတန်ပြန်ရေးဌာနက လျှို့ဝှက်သတင်းအချက်အလက်များအပေါ် အခြေခံ၍ ကရာချီ တွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး တားမြစ်ထားသော အကြမ်းဖက်အဖွဲ့ လက်ရှ်ကရ် ဂျန်ဟ်ဂဝီ နှင့် ဆက်စပ် နေသော သံသယရှိသူလေးဦးကို ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့ အနက် ပစ်မှတ်ထား သတ်ဖြတ်မှု ကျူးလွန် သူတစ်ဦး လည်း ပါဝင်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ရဲတပ်ဖွဲ့သတင်းရင်းမြစ်များမှ သတင်း ပို့ချက်များ နှင့် မကြာသေးမီက ဂိုဏ်းဂဏဆိုင်ရာရည်ရွယ်ချက်များဖြင့် ပစ်မှတ်ထားသတ်ဖြတ်မှုများကို ဆက် လက် လုပ်ဆောင်ခဲ့ပြီးနောက် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ ဖမ်းဆီးခံထားရသော သံသယရှိသူ အမီးန် (အမည်ပြောင် မိုနာ ) သည် ဟာဖေဇ် ကာစင်မ် ရရှီးဒ် ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယခင်က အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံရပြီး ထောင်သို့ပို့ ဆောင်ခံခဲ့ ရသူ ဖြစ်ပါ တယ်။

ကနဦးစစ်ဆေးမေးမြန်းမှုအတွင်း အဓိကသံသယရှိသူက ၎င်းနှင့် ၎င်း၏အပေါင်းအပါများသည် Orangi Town ဧရိယာတွင် ဂိုဏ်းဂဏဆိုင်ရာရည်ရွယ်ချက်များကြောင့် ရဲတပ်ဖွဲ့ဝင်များစွာနှင့် အာဒဲလ် ဟိုစိုင်းန်  အမည်ရှိသူ တစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ  အာဆင်မ် အဲဟ်မဒ် ၊ ဇိုင်နိုလ်အာဗေီုးန် ၊ မိုဟမ္မဒ် အဖရူဇ် အမည်ရှိ အခြားသံသယရှိသူ သုံးဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ထံမှ လက်ကိုင်သေနတ် လေးလက် နှင့် ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဤပုဂ္ဂိုလ်များ၏ ရာဇဝတ်မှုမှတ်တမ်းများနှင့် ပတ်သက်၍ ဌာနက မြို့တွင်းရဲစခန်းအမျိုးမျိုးတွင် အကြမ်းဖက် မှုနှင့် အခြားပြင်းထန်သော ရာဇဝတ်မှုများနှင့် ဆက်စပ်သော အမှုများစွာကို ဖွင့်ထားကြောင်း ကြေညာခဲ့ပါတယ်။

စစ်ဆေးမေးမြန်းစဉ်အတွင်း ထိန်းသိမ်းခံထားရသူများက မကြာသေးမီက Orangi မြို့ရဲစခန်းဧရိယာတွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည်ဟူသော သံသယဖြင့် ရှဲဟ်ဗါဇ်ခန်း အမည်ရှိ လူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ကြပြီး အာဒဲလ် ဟိုစိုင်းန်  သည်လည်း ဆန့်ကျင်ဘက်ဘာသာရေးဂိုဏ်းနှင့် ဆက်နွယ်မှုကြောင့် Iqbal Market ဧရိယာတွင် ပစ်မှတ်ထားသတ်ဖြတ်ခံခဲ့ရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha