အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ရောင်ဇာတော် ၏ ဝက်ဘ်ဆိုက် နှင့် အီးက်နာ သတင်းဌာန ၏ အစီရင်ခံစာ အရ စကြာဝဠာ အပေါင်း ရှိ အမျိုးသမီးများ၏ ဦးသျှောင် ခေါင်းဆောင် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ အထိမ်းအမှတ် နှင့် အေဖါဖ် (သီလနှင့် ဣန္ဒြေ ) ရက်သတ္တပတ် နှင့် အမေနေ့ ၊ အမျိုးသမီးနေ့ အထိမ်းအမှတ် အဖြစ် အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ရောင်ဇာတော် ၏ အလှဆင် ဌာန မှ အေမာမ် အလီ (အ.စ) ရောင်ဇာတော် နှင့် ရင်ပြင်တော်အား ပန်းစည်း ထောင်ပေါင်း များစွာဖြင့် အထူး အလှ ဆင်ခဲ့ ကြ ပါတယ်။
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ရောင်ဇာတော် ၏ အလှဆင်ဌာန အကြီးအကဲ ဘာရာ့ဂ် ဟာဒီ က ယခုနှစ်ပွဲတော်အစီအစဉ်တွင် သဘာဝနှင်းဆီပန်းစည်းကြီးများကို ရင်ပြင် များနှင့် သန့်ရှင်းသောကျောင်းဆောင် များ တွင် ထားရှိခြင်းပါဝင်ပြီး အရေအတွက် ၁၁၀၀၀ ကျော်ရှိကြောင်း သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
ဘာရာ့ဂ် ဟာဒီ က ထပ်လောင်းပြောကြားရာတွင် ဤကောင်းချီးမင်္ဂလာအခါသမယ၏ ကြီးကျယ်ခမ်းနားမှု၊ နာမ်ပိုင်း ရေးရာနှင့် သန့်ရှင်းမြင့်မြတ်မှုကို မီးမောင်းထိုးပြရန်အတွက် ဖွာတွေမဟ် (စ.အ) ရင်ပြင်တော် ၏ လမ်း ကြောင်း များကို အလှဆင်ခြင်း၊ သီလနှင့် ဣန္ဒြေ ရက်သတ္တပတ်အတွက် အထူးပွဲများ ပြင်ဆင်ခြင်းနှင့် သန့်ရှင်း သော ရောင်ဇာတော် အတွင်း လှုပ်ရှားမှုအမျိုးမျိုးကို ပြင်ဆင်ခြင်းတို့ကို ဌာနက ပြီးမြောက်အောင် လုပ်ဆောင် ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဤအစီအစဉ်အားလုံးသည် ဤမင်္ဂလာအခါသမယကို ဂုဏ်ပြုရန်၊ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) နှင့် ထိုက်တန်သော နာမ်ပိုင်း ရေးရာလေထုကို ဖန်တီးရန်နှင့် နဂျဖ် မြို့၏ သန့်ရှင်းသော သီလနှင့် ဣန္ဒြေရှိမှု တန်ဖိုးများကို ခိုင်မာစေရန်အတွက် အေမာမ် အလီ (အ.စ) ၏ သန့်ရှင်းသော ရောင်ဇာတော် မှ စီစဉ်ပေးထားသော ပြည့်စုံသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်း ဘာရာ့ဂ် ဟာဒီ က ရှင်းပြခဲ့ပါတယ်။






++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment