၁၀ မေ ၂၀၂၆ - ၀၇:၄၉
အီရန်နိုင်ငံဟာ ဖိအားကြောင့် ခေါင်းညွှတ်မည်မဟုတ်ကြောင်း ပြည်သူများ ကို ကာကွယ်ဖို့ ၁၀၀၀% အသင့်ရှိ နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန် ကို ဖိအားပေးမှု၊မတရားပြုမှု အသစ်များ ပြုလုပ်ခြင်း ကို ရှောင်ကြဉ်ဖို့ သတိပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က သူ့ရဲ့ နောက်ဆုံးရေးသားချက်မှာ သံတမန်ရေးဆိုင်ရာ ဖြေရှင်းချက်တစ်ခု စားပွဲပေါ်ရောက်လာတိုင်း အမေရိကန်ဟာ မိုက်မဲတဲ့ စစ်ရေးကျူးကျော် မှုတစ်ခုဆီ ဦးတည်သွားတယ်လို့ ရေးသားခဲ့ပါတယ်။

ဒါဟာ မျက်ကန်းဗျူဟာတစ်ခုလား၊ ဖိအားပေးဖို့ နည်းလမ်းတစ်ခုလား၊ ဒါမှမဟုတ် အမေရိကန်သမ္မတကို ရွှံ့နွံထဲ ဆွဲခေါ်နေတဲ့ ဒုက္ခပေးသူတစ်ယောက်ရဲ့ နောက်ထပ်လှည့်ကွက်တစ်ခုလားဆိုတဲ့ မေးခွန်းကို ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ရလဒ်က ပြောင်းလဲ မှာမဟုတ်ဘူးလို့ ရေးသားခဲ့ပါတယ်။

အီရန်ပြည်သူများဟာ ဖိအားကို ဘယ်တော့မှ ခေါင်းမညွှတ်ကြပေမယ့် သံတမန်ရေးကတော့ အမြဲတမ်း ဖိအား ပေးခံရတယ်လို့ ရေးသားခဲ့ပါတယ်။

ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ၏ မက်ဆေ့ချ်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့နှင့်  နှိုင်းယှဉ်ရင် အီရန်၏ ဒုံးကျည်နှင့် လောင်ချာများ၏ စွမ်းရည်က ၇၅% မဟုတ်ဘဲ ၁၂၀% ရှိပြီး ကျွန်ုပ်တို့ရဲ့ ပြည်သူတွေကို ကာကွယ်ဖို့ အသင့်ရှိမှုက ၁၀၀၀% (တစ်ရာ ရာခိုင်နှုန်း တောင်မဟုတ်ဘဲ တစ်ထောင်ရာခိုင်နှုန်း ) ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ CIA ကလည်း သတင်းပေးမှု မှားယွင်းနေတယ်လို့ ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha