အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ က ဆီနီဂေါနိုင်ငံအဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် မိုဟမ္မဒ် နယာ နန်က် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်း ကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။
ဤသဝဏ်လွှာ၏ စာသားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
အနန္တတန်ခိုးရှင် မြတ်အလ္လာဟ် ၏နာမတော် ဖြင့် အစပြုပါ၏။
«مِنَ الْمُؤْمِنِینَ رِجالٌ صَدَقُوا ما عاهَدُوا اللّهَ عَلَیْهِ فَمِنْهُمْ مَنْ قَضی نَحْبَهُ وَ مِنْهُمْ مَنْ یَنْتَظِرُ وَ ما بَدَّلُوا تَبْدِیلاً»
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် မိုဟမ္မဒ် နယာ နန်က် အလ္လာဟ်အမိန့်ခံယူသွားကြောင်း (ကွယ်လွန်သွားကြောင်း) သတင်း ကို ကြားသိရသည့်အတွက် အလွန်ဝမ်းနည်းမိပါသည်။ လေးစားအပ်ပါသော မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အမြင့်ဆုံးကောင်စီဝင်များကိုယ်စား၊ ကျွန်ုပ်ကိုယ်တိုင် မရ်ဟွန်မ် ၏ လေးစား အပ်သည့် မိသားစု၊ မရ်ဟွန်မ် ၏ ရိုသေထိုက်သည့် ကျန်ရစ်သူများ၊ မရ်ဟွန်မ် ၏ တပည့် များနှင့် မရ်ဟွန်မ်အား ချစ်ခင်မြတ်နိုးသူများ အား ဝမ်းနည်းကြောင်း ပြောကြားလိုပါသည်။
ဤမရ်ဟွန်မ် မဂ်ဖူရ် ပညာရှင်နှင့် ကြိုးစားအားထုတ်သော သာသနာပြုဆရာသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး အပါအဝင် ရာထူးအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အစ္စလာမ်ဘာသာ ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းတော် ကို မြှင့်တင်ရာတွင်နှင့် ဤကျောင်းတော် ၏ နောက်လိုက်များ ကို ထောက်ပံ့ရာတွင် ဝန်ဆောင်မှုများစွာ ပေးခဲ့သူ ဖြစ်ပါသည်။
မရ်ဟွန်မ် ကို ခွင့်လွှတ်ပေးဖို့ ၊ မရ်ဟွန်မ် ၏ အသက်ရှင်ကျန်ရစ်သူတွေကို စိတ်ရှည် သည်းခံနိုင်ပြီး ကြီးမားသည့် ဆုလာဘ်များ အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် သခင် ချီးမြှင့် ပေးသနားတော် မှူ ဖို့ ကျနော် ဆုတောင်းပြု ပါတယ်။
ရေဇာ ရမ်ဒွါန်နီ
အကျော်အမော် ဆီနီဂေါဘာသာရေးခေါင်းဆောင် နှင့် ဆီနီဂေါနိုင်ငံအဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ ၏ အထွေထွေအတွင်းရေးမှူး ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် မိုဟမ္မဒ် နယာ နန်က် သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ တနင်းလာနေ့ ဇဟ်ရီအချိန်တွင် အလ္လာဟ် အမိန့်ခံယူ သွားခဲ့ကြောင်း တင်ပြအပ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment