အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် မြို့တော်ရှိ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အစ္စလာမာဘတ်မြို့ရှိ ရှီအဟ် ဗလီဝတ်ကျောင်းတော် တစ်ခုကို ပစ်မှတ်ထားသော အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုတွင် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဤဖြစ်ရပ်မှာ သောကြာနမာဇ် ဝတ်ပြုစဥ် အတွင်း ဖြစ်ပွားခဲ့ပြီး ဝတ်ပြုသူအများအပြား တက်ရောက်ခဲ့ပြီး တိုအသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ကနဦး သေဆုံးသူအရေအတွက်ဖြစ်ပါတယ်။
ပါကစ္စတန်ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက သေဆုံးသူအရေအတွက် မြင့်တက်လာမည်ဟု ခန့်မှန်းထားပါတယ်။ ပါကစ္စတန်လုံခြုံရေး သတင်းရင်းမြစ်များက အစ္စလာမာဘတ်မြို့ဆင်ခြေဖုံးရှိ သီလာယေဟ် ဧရိယာရှိ ရှီအဟ် ဗလီ ဝတ်ကျောင်း တစ်ခု၏တံခါးဝတွင် ရပ်တန့်နေစဉ် "အသေခံဗုံးခွဲသမား" သည် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုထားပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် က တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ကျူးလွန်သူများကို တရားစွဲဆို အပြစ်ပေးရန် တောင်းဆိုခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ ထုတ်ပြန်ခဲ့သော ဓာတ်ပုံများတွင် ဗလီကြမ်းပြင်ပေါ်တွင် ကွဲအက်နေသော မှန်များ နှင့် အပျက်အစီးများကြားတွင် သွေးများပေကျံနေသော အလောင်းများကို ပြသထားပြီး နမာဇ် ဝတ်ပြု သူများ ကြားတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပျံ့နှံ့နေပါတယ်။
ဒဏ်ရာရရှိသူ ဒါဇင်ပေါင်းများစွာသည် ဗလီ၏ အပြင်ဘက်ခြံဝင်းနှင့် ဥယျာဉ်ထဲတွင် မြေပြင်ပေါ်တွင် လဲကျနေကြပြီး အကူအညီတောင်းခံနေကြပါတယ်။
လုံခြုံရေးတင်းကျပ်စွာချထားသော ပါကစ္စတန်နိုင်ငံ၏ မြို့တော်တွင် ပေါက်ကွဲမှုများ ရှားပါးသော်လည်း မကြာ သေး မီနှစ်များအတွင်း ပါကစ္စတန်တွင် အကြမ်းဖက်မှုများ မြင့်တက်လာသည်ကို မြင်တွေ့ခဲ့ရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment