အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းဌာန ၏ အစီရင်ခံစာအရ ဒေသခံရဲတပ်ဖွဲ့သတင်းရင်းမြစ်များ၏အဆိုအရ ပေရှာဝါရ် မြို့ရှိ တိုက်ခိုက်သူ၏နေအိမ်တွင် ဝင်ရောက်စီးနင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်း၏ညီအစ်ကိုနှစ်ဦး၊ ယောက်ဖ နှင့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးသတင်းရင်းမြစ်များ၏အဆိုအရ အသေခံဗုံးခွဲသမား၏ မှတ်ပုံတင်ကတ်ကိုလည်း အခင်း ဖြစ်ပွား ရာနေရာတွင် တွေ့ရှိခဲ့ပါတယ်။ မှတ်ပုံတင်ကတ်အရ တိုက်ခိုက်သူအား ယာစေရ် အဖြစ် ဖော်ထုတ် နိုင်ခဲ့ ပါတယ်။
မှတ်ပုံတင်ကတ်ပေါ်ရှိ အမြဲတမ်းလိပ်စာမှာ Abbas Colony, Sherojangi Charsadda Road, Peshawar ဖြစ်ပြီး လက်ရှိလိပ်စာမှာ Ganj Mohalla Qaziyan, Peshawar ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအရာရှိများက အသေခံဗုံးခွဲသူသည် အာဖဂန်နစ္စတန်တွင် ၅ လကြာနေထိုင်ခဲ့ပြီး လက်နက်များ နှင့် အသေခံတိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် လေ့ကျင့်မှုခံယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရဲများသည် တိုက်ခိုက်သူ၏ ဖြစ်နိုင်ချေရှိသော ကွန်ရက်နှင့် စည်းရုံးလှုံ့ဆော်သူများကို ဖော်ထုတ်ဖမ်းဆီး ရန်အတွက် ပေရှာဝါရ် နှင့် နော်ရှီရာတို့တွင် စီးနင်းမှုများ ပြုလုပ်ခဲ့ပါတယ်။
တိုက်ခိုက်သူနှင့် အဆက်အသွယ်ရှိသူများနှင့် အထောက်အကူပြုသူများအပါအဝင် ဖြစ်ရပ်၏ ရှုထောင့်အားလုံး ကို စုံစမ်းစစ်ဆေးနေပါတယ်။
ရဲတပ်ဖွဲ့သတင်းရင်းမြစ်များ၏ အဆိုအရ အစ္စလာမာဘတ်တွင် ဖြစ်ပွားခဲ့သော ဤအကြမ်းဖက်ဖြစ်ရပ်၏ နောက်ခံ သမိုင်းကို ရှင်းလင်းစွာဖော်ပြနိုင်မည့် ပိုမိုအရေးကြီးသော အထောက်အထားများကို စုံစမ်း စစ်ဆေးမှု အတွင်း ရှာဖွေတွေ့ရှိနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment