အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews သတင်းဌာန ၏ အစီရင်ခံစာအရ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ကဲလ်ဗေရိုရှိက်ဒ် ရဇဝီ အနေဖြင့် အိန္ဒိယ နိုင်ငံ ယူဘီ ပြည်နယ် ၊ မိုရာဒါဘတ်ခရိုင်၊ ကွန်ဒါကီ ဆာဒတ်တွင် မရ်ဟွန်မ် ရှိုဂျာအသ် ဟိုစိုင်းန် အစ်ဗ်နေ ဇဝါရ် ဟိုစိုင်းန် ၏ ကွယ်လွန် ခြင်း နှစ်ပတ်လည်နေ့ အတွက် ပြုလုပ်သည့် မဂျ်လစ်တွင် လူငယ်များအား လက်ရှိခေတ်ကာလ ၏ တောင်းဆိုချက်များနှင့်အညီ နေထိုင်ရန် အဲဟ်လေ့ ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ကို ချစ်မြတ်နိုးသူသည် ပညာတတ်များ ဖြစ်သင့်ကြောင်း သို့မှသာ လူ့အဖွဲ့ အစည်းသည် အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဟောကြားခဲ့ ပါ တယ်။
မောင်လာနာ ကဲလ်ဗေရိုရှိက်ဒ် ရဇဝီက လူငယ်များအား လက်ရှိခေတ်ကာလ ၏ လိုအပ်ချက်များနှင့်အညီ သတိရှိနေရန် တိုက်တွန်း ခဲ့ပြီး ပညာဆီသို့ ဖိတ်ခေါ်ခဲ့ပြီး အဲဟ်လေ့ ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ကို ချစ်မြတ်နိုးသူ တိုင်းသည် မည်သည့်တက္ကသိုလ်မှမဆို ပညာတတ် ဖြစ်စေရန် အွန်လိုင်းသင်တန်း မှ ဖြစ်စေ ပညာ သင်ယူ သင့်ကြောင်း လူ့အဖွဲ့အစည်းသည် နာမ် ပိုင်း ဆိုင်ရာ နှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုရှိစေရန်အတွက် ပညာတတ်ဖြစ်ရန် မရှိမဖြစ်လိုအပ်ကြောင်း ဟောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မဂျ်လစ် အတွင်း အိမ်နီးချင်းပါကစ္စတန်နိုင်ငံရှိ ဂျာမေအ် မတ်စ်ဂျစ်ဒ် ခဒီဂျဟ်သိုလ်ကိုဗ်ရာ (စ.အ) အား အကြမ်းဖက်တိုက်ခိုက်မှုကို ရည်ညွှန်း၍ ဂျာမေအ် မတ်စ်ဂျစ်ဒ် ခဒီဂျဟ်သိုလ်ကိုဗ်ရာ (စ.အ) အား အသေခံ တိုက်ခိုက်မှု ကို ကျွန်ုပ်တို့ ပြင်းထန်စွာရှုတ်ချကြောင်း ဟောကြားခဲ့ပါတယ်။
မရ်ဟွန်မ် ရှိုဂျာအသ် ဟိုစိုင်းန် အစ်ဗ်နေ ဇဝါရ် ဟိုစိုင်းန် အတွက် ပြုလုပ်သည့် ဤမဂျ်လစ်စေအဇါ အား ဂျနာဗ် ဂိုလာန်မ် မဲဟ်ဒီ ဣှင့် အဖွဲ့ မှ စိုဇ်ခွာနီ ဖတ်ခဲ့ကြပြီး အစီအစဥ် ကြေညာသူအဖြစ် မောင်လာနာ ဆယက်ဒ် အာဖါက် အာလန်မ် ဇိုင်ဒီ မှ ဆောင်ရွက် ခဲ့ပါတယ်။
ကွန်ဒါကီ ဆာဒတ်၏ မိုအ်မင် အများအပြား မှ ဤမဂျ်လစ်စေ အဇါ အားတက်ရောက်ခဲ့ကြပြီး မရ်ဟွန်မ် ၏ ကျန်ရစ်သူ သားသမီးများ ကို အားပေးနှစ်သိမ့်စကား များ ပြောကြား ခဲ့ကြပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ကဲလ်ဗေရိုရှိက်ဒ် ရဇဝီ သည် အိန္ဒိယ နိုင်ငံ ရှီအဟ် အသိုင်းအဝိုင်းအရေး၊ လူမှုရေးပြဿနာများနှင့် အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် ထင်မြင်ချက်များ ထုတ်ဖော် ပြောကြားလေ့ရှိ သည့်အာလင်မ် တစ်ပါး အချို့ကိစ္စများတွင် အစိုးရမူဝါဒများနှင့် ပတ်သက်၍ ဝေဖန် သုံးသပ်မှု များ ပြုလုပ်သည့် အာလင်မ် တစ်ပါး ဖြစ်ပါတယ်။တစ်နည်း အားဖြင့် အိန္ဒိယ ၏ နာမည်ကျော်သည့် အာလင်မ် တစ်ပါးဖြစ်ပါတယ်။ ဟိန္ဒိူလူငယ်များ လည်း သူကို သဘောကျ လက်ခံကြကြောင်း သိရှိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment