၅ မတ် ၂၀၂၆ - ၁၄:၄၉
နောက်ထပ် ကျွန်ုပ်တို့၏ စစ်သားများ သေဆုံးနိုင်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ် ပြောကြား

အီရန်နှင့် ဆန့်ကျင်သော စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန် စစ်တပ်၏ ခေါင်းဆောင်မှ ထုတ်ပြန်သည့် ပြောကြား ချက်အရ အမေရိကန်၏ စစ်ရေး လှုပ်ရှားမှုသည် တစ်ညတည်းဖြင့် အဆုံးသတ်မည် မဟုတ်ကြောင်းနှင့် မိမိတို့ဘက်တွင် လူဆုံးရှုံးမှု ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း ပါဝင်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန် စစ်တပ်၏ ခေါင်းဆောင် ဗိုလ်ချုပ် ဒွန်ကိန်း သည် အမေရိကန် စစ်ရေးဝန်ကြီး ပီတ်ဟေးဂ်စက် နှင့် အတူ ကျင်းပသည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ၏ တိုက်ခိုက်မှုသည် တစ်ညတည်းဖြင့် ပြီးဆုံးမည့် လှုပ်ရှားမှု မဟုတ်ကြောင်း ထို့အပြင် မိမိတို့ ဘက်တွင် ဆုံးရှုံးမှု ပိုမို ဖြစ်နိုင်ကြောင်းကိုလည်း မျှော်မှန်းထားကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန် စစ်တပ်၏ ခေါင်းဆောင်က  ကျွန်ုပ်တို့သည် အင်အားကြီးသော ရန်သူတစ်ဦးကို ရင်ဆိုင်ရာတွင် အစ္စရေးကို အင်အားအပြည့်ဖြင့် ကူညီပံ့ပိုးရန် စတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အမေရိကန် စစ်တပ်၏ အလယ်ပိုင်း အမိန့်ဌာန CENTCOM သို့ ပေးအပ်ထားသည့် တာဝန်များမှာ အလွန် ရှုပ်ထွေးကြောင်း၊ အချိန်ယူရနိုင်ပြီး စစ်ပွဲအတွင်း အခက်အခဲများနှင့် ပြဿနာများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ် ပြောကြားရာတွင် အမေရိကန်ဘက်တွင် လူဆုံးရှုံးမှုများ တိုးလာနိုင်ကြောင်း၊ စစ်တပ်အနေဖြင့် ဆုံးရှုံးမှု ကို လျှော့ချရန် ကြိုးပမ်းမည် ဖြစ်သော်လည်း ပိုမိုသော ဆုံးရှုံးမှုကို မျှော်လင့်ထားသင့်ကြောင်း အလေးထား ပြောကြား ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha