၈ မတ် ၂၀၂၆ - ၂၀:၁၀
အီရန်၏ ဒရုန်းတစ်စင်းက အီရတ် ကိုရ်ဒစ်စတန်ဒေသရှိ အမေရိကန်၏ အဆင့်မြင့် ရေဒါစနစ်ကို ဖျက်ဆီးခဲ့

အီရတ်မှ သတင်းရင်းမြစ်တစ်ခုက ယနေ့ တနင်္ဂနွေနေ့တွင် အီရတ်ရှိ အယ်လ်ဟာရီးရ် လေတပ်အခြေစိုက်စခန်း တွင် တပ်ဆင်ထားသော အမေရိကန်၏ အရေးကြီးဆုံး ရေဒါစနစ်များထဲမှ တစ်ခုသည် အီရန်၏ အဆင့်မြင့် ဒရုန်းတစ်စင်း၏ တိုက်ခိုက်မှုကြောင့် လုပ်ဆောင်မှုရပ်တန့်သွားခဲ့သည်ဟု သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ ယင်းတိုက်ခိုက်မှုသည် မနေ့ညတွင် ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပြီး ထိုရေဒါစနစ်သည် အယ်လ်ဟာရီးရ် လေတပ်အခြေစိုက်စခန်း၏ အနောက်ဘက်ပိုင်းတွင် တပ်ဆင်ထားကြောင်း ဆိုပါတယ်။

ရေဒါကို ထိမှန်ခဲ့သော ဒရုန်းသည် ယခင် အီရန်အသုံးပြုခဲ့သည့် ဒရုန်းများနှင့် မတူဘဲ အသစ်ထွက်လာသည့် မော်ဒယ်တစ်မျိုးဖြစ်နိုင်ကြောင်း၊ တီဟီရန် အနေဖြင့် မကြာသေးမီက စတင်အသုံးပြုနေသော မျိုးဆက်သစ် ဒရုန်း တစ်မျိုး ဖြစ်နိုင်ကြောင်းလည်း  သိရပါတယ်။

ထို့အပြင် အဆိုပါ ဒရုန်း၏ ပစ်မှတ်ထိမှန်မှုသည် အလွန်တိကျကြောင်း သိရပါတယ်။ ဒရုန်းသည် ရေဒါစနစ်ကို တိုက်ရိုက်ထိမှန်ခဲ့ပြီး တစ်နာရီကျော်ကြာ မီးလောင်စေခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကြောင့် အဆိုပါ အခြေစိုက်စခန်း တွင် ရှိသော အမေရိကန်တပ်ဖွဲ့များအတွက် အရေးပါသော အစောပိုင်း သတိပေးစနစ်တစ်ခု ပျက်စီးဆုံးရှုံး သွားခဲ့ ရပါတယ်။

နောက်ဆုံးတွင် အီရတ် သတင်းရင်းမြစ်က အီရတ် ကိုရ်ဒစ်စတန်ဒေသရှိ အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အီရန်၏ မျိုးဆက်သစ် ဒရုန်းများ အသုံးပြုလာပြီ ဖြစ်ကြောင်း ဤတိုက်ခိုက်မှုများက ပြသနေ ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha