၉ မတ် ၂၀၂၆ - ၁၈:၅၂
အီရန်၏ အသစ်ရွေးချယ်ခံ ခေါင်းဆောင်၏ အဆင့်အတန်းသည် ဥပဒေအရ တရားဝင်ဖြစ်ကြောင်း၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း တရုတ်နိုင်ငံ ပြောကြား

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီရန်နိုင်ငံတွင် အသစ်ရွေးချယ်ထားသော ခေါင်းဆောင်အား ရွေးချယ်ခြင်းသည် နိုင်ငံ၏ အခြေခံဥပဒေအရ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာ နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း အီရန်နိုင်ငံတွင် အသစ်ရွေးချယ်ထားသော ခေါင်းဆောင် အပေါ် ပေကျင်း၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် ဤကိစ္စနှင့်ပတ်သက်သည့် သတင်းများကို ကျွန်ုပ်တို့ သိရှိထားပြီးဖြစ်ကြောင်း အီရန် ပြည်သူများ က မိမိတို့နိုင်ငံ၏ အခြေခံဥပဒေအရ ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြသည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

ထို့အပြင် ပေကျင်းသည် အခြားနိုင်ငံများ၏ အတွင်းရေးကိစ္စများတွင် မည်သည့် အကြောင်းပြချက်ဖြင့်မဆို ဝင်ရောက်စွက်ဖက်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေ တည်တံ့မှု ကို လေးစားလိုက်နာရမည်ဖြစ်ကြောင်းလည်း အလေးပေး ပြောကြားခဲ့ပါတယ်။

အကြောင်းမှာ အကြမ်းဖက်သမားထရမ့် က အာဏာ အလွန်မက်၊ အလွန် ရူးပြီး အီရန်ခေါင်းဆောင်သစ် ရွေးချယ်မှု တွင်သူမပါသည့် အတွက် လက်မခံဟု ကလေး စကားပြောထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha